Connect with us

Hi, what are you looking for?

News

အင်းအားဖြည့်တင်းနေဟု မင်းကင်းPDF အသိပေး၊ ပြည်သူများထိခိုက်အောင်လုပ်မည်မဟုတ်ဟုဆို

အမျိုးသားညီညွန်ရေးအစိုးရ(NUG)လက်အောက်ခံ ကာကွယ်ရေးဝန်းကြီးဌာနရဲ့လမ်းညွှန်ချက်ကိုစောင့်ဆိုင်းရင်း အင်အားဖြည့်တင်းလျက်ရှိကြောင်း မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်မဟာက ဒီကနေ့နေ့စွဲနဲ့ ကြေချက်ထုတ်ပြန်လိုက်ပါတယ်။

တပ်မဟာအနေနဲ့ လက်အောက်ခံတပ်ရင်း၊ တပ်ခွဲအား လုံးကို လုံခြုံဒေသတစ်ခုရဲ့ သတ်မှတ်စခန်းသို့သွား ရောက်စုဖွဲ့ပြီး အင်အားဖြည့်တင်းကာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမိန့်ညွှန်ကြားချက်မျာတွေကိုစောင့်ဆိုင်းနေတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် လက်အောက်ခံတပ်ရင်း၊ တပ်ခွဲ၊ တပ်စု၊ တပ်စိတ်အားလုံးဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကာကွယ် ရေးမူဝါဒလမ်းညွှန်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မဟာတစ်ခုဖြစ်တာနဲ့အညီ စစ်ပွဲမှာမပါဝင်တဲ့ အရပ်သားပြည်သူအားလုံးကို တစ်စုံတစ်ရာထိခိုက်နစ်နာအောင် လုပ်ဆောင်ခဲ့ခြင်းမရှိသလို မည်သည့်အခါမျှလည်း ဆောင်ရွက်သွားမည်မဟုတ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ