Connect with us

Hi, what are you looking for?

News

တောင်တွင်းကြီးက ရာအိမ်မှူးဒလန်အားသေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေး တပ်မတော်ကြေညာ

ယနေ့နံနက်၈နာရီအချိန်တွင် ရွှေအိုး (၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းဝင်ရောက်ပြီး ဦးဇော်လတ်အား ပစ်ခတ်ခဲ့ရာ ဦးခေါင်းတစ်ချက်၊ရင်ဘတ်နှစ်ချက်ထိမှန်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏လက်ပါးစေများနှင့် သတင်းပေးဒလန်များ၏အသက်၊ အိုးအိမ်၊ စည်းစိမ်တို့အား တာဝန်ယူမည်မဟုတ်ဟု သတိပေး

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီခန့်အပ်ထားသည့် ရွှေအိုး(၁) ရပ်ကွက် ရာအိမ်မှူး၊ အများပြည်သူက ဒလန်ဟုသတ်မှတ်ထားသူဦးဇော်လတ်အား အဆိုပါရပ်ကွက်ရုံးအတွင်း သေနတ်ဖြင့်ပစ်သတ်ခဲ့ ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ယနေ့ကြေညာသည်။

ယနေ့နံနက်၈နာရီအချိန်တွင် ရွှေအိုး (၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းဝင်ရောက်ပြီး ဦးဇော်လတ်အား ပစ်ခတ်ခဲ့ရာ ဦးခေါင်းတစ်ချက်၊ရင်ဘတ်နှစ်ချက်ထိမှန်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဒလန်ဦးဇော်လတ်သည် တပ်မတော်ထောက်ခံပွဲများအား ဦးဆောင်စီစဉ်သူအဖြစ် ဆောင်ရွက်ခဲ့ပြီး ကျွန်ုပ်တို့အနေဖြင့် တောင်တွင်းကြီးမြို့တွင် နေထိုင်လျက်ရှိသည့် အကြမ်းဖက်စစ်ကောင်စီ၏လက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ နှီးနွယ်ဆက်စပ်သူများ၏ အသက်၊အိုးအိမ်၊ စည်းစိမ်တို့အား လုံးဝ(လုံးဝ)တာဝန်ယူမည် မဟုတ်ပါကြောင်း အထူးသတိပေးချက်ထုတ်ပြန်ဟု ဖော်ပြထားသည်။

ထို့အပြင် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ်အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့်လည်း ပူးပေါင်းပါဝင်ကြပါရန် လေးစားစွာမေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်