Connect with us

Hi, what are you looking for?

News

တောင်တွင်းကြီးက ရာအိမ်မှူးဒလန်အားသေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေး တပ်မတော်ကြေညာ

ယနေ့နံနက်၈နာရီအချိန်တွင် ရွှေအိုး (၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းဝင်ရောက်ပြီး ဦးဇော်လတ်အား ပစ်ခတ်ခဲ့ရာ ဦးခေါင်းတစ်ချက်၊ရင်ဘတ်နှစ်ချက်ထိမှန်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏လက်ပါးစေများနှင့် သတင်းပေးဒလန်များ၏အသက်၊ အိုးအိမ်၊ စည်းစိမ်တို့အား တာဝန်ယူမည်မဟုတ်ဟု သတိပေး

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီခန့်အပ်ထားသည့် ရွှေအိုး(၁) ရပ်ကွက် ရာအိမ်မှူး၊ အများပြည်သူက ဒလန်ဟုသတ်မှတ်ထားသူဦးဇော်လတ်အား အဆိုပါရပ်ကွက်ရုံးအတွင်း သေနတ်ဖြင့်ပစ်သတ်ခဲ့ ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ယနေ့ကြေညာသည်။

ယနေ့နံနက်၈နာရီအချိန်တွင် ရွှေအိုး (၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းဝင်ရောက်ပြီး ဦးဇော်လတ်အား ပစ်ခတ်ခဲ့ရာ ဦးခေါင်းတစ်ချက်၊ရင်ဘတ်နှစ်ချက်ထိမှန်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဒလန်ဦးဇော်လတ်သည် တပ်မတော်ထောက်ခံပွဲများအား ဦးဆောင်စီစဉ်သူအဖြစ် ဆောင်ရွက်ခဲ့ပြီး ကျွန်ုပ်တို့အနေဖြင့် တောင်တွင်းကြီးမြို့တွင် နေထိုင်လျက်ရှိသည့် အကြမ်းဖက်စစ်ကောင်စီ၏လက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ နှီးနွယ်ဆက်စပ်သူများ၏ အသက်၊အိုးအိမ်၊ စည်းစိမ်တို့အား လုံးဝ(လုံးဝ)တာဝန်ယူမည် မဟုတ်ပါကြောင်း အထူးသတိပေးချက်ထုတ်ပြန်ဟု ဖော်ပြထားသည်။

ထို့အပြင် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ်အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့်လည်း ပူးပေါင်းပါဝင်ကြပါရန် လေးစားစွာမေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ် ၊​မြောက်ခြမ်းကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃) ၏ စစ်ကြောင်းတစ်ခုလုံး ပြုတ်သည်အထိတိုက်ခိုက်ခံရပြန်ပြီး ၂၀ ထက်မနည်းသေဆုံးကာလက်နက် ၂၀ကျော်ရရှိကြောင်း စစ်​ရေးသတင်းရင်းမြစ်များက ပြောသည်။

သတင်း

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်ရှိ စစ်ကောင်စီ၏ စကခ(၁၃)နှင့် ခလရ(၄၃၂)တပ်ရင်းတို့မှ တပ်သားသစ်သုံးဦး ပြည်သူ့ရင်ခွင်ခိုလှုံကာ အလင်းဝင်ရောက်လာကြောင်း ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၀)၊ ပဲခူးခရိုင်တပ်ရင်း (၄)၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ၊ တပ်စုဖွဲ့တည်ထောင်ခြင်းနှင့်လက်နက်တပ်ဆင်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။

သတင်း

ပဲခူးတိုင်း၊မင်းလှမြို့နယ် ရန်ကုန်-ပြည်လမ်း​ဘေးရှိ​ကျေးရွာများကို ပေါ်တာလာဆွဲသည့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ ထမင်းစား​နေစဥ် တိုက်ခိုက်ခံရပြီး ရှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။