Connect with us

Hi, what are you looking for?

သတင်း

သာယာဝတီတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ဒေသခံများ၏ပြောဆိုမှုအရ အုပ်ချုပ်ရေးမှူး ဦးအေးကျော်သည် PDF များအား မကြောက်ကြရန်နှင့် ပြန်ချကြရန် ရပ်ကျေးအစည်းအဝေးများတွင် ပြောဆိုလေ့ရှိသူဖြစ်ကြောင်း သိရသည်။

သာယာဝတီမြို့နယ်
သာယာဝတီမြို့နယ်

ပဲခူးတိုင်း သာယာဝတီမြို့နယ် ရေတွင်းကုန်းကျေးရွာမှ စစ်ကောင် စီခန့်အုပ်ချုပ်ရေးမှူး ဦးအေးကျော်ဆိုသူကို အမည်မသိလက်နက်ကိုင်တစ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးအေးကျော်ဆိုသူသည် ယနေ့နေ့လယ် ၁၂ နာရီခန့်က အနောက်ရေတွင်းကုန်းကျေးရွာမှအပြန် လမ်းတွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး သေနတ်ဒဏ်ရာသုံးချက်ရရှိသွားကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိသွားသော ဦးအေးကျော်အား လူမှုကူညီရေးအသင်းယာဥ်ဖြင့် သာယာဝတီဆေးရုံသို့ ပို့ဆောင်ကုသရာ မသက်သာသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသစဥ် ယနေ့ညနေပိုင်း၌ သေဆုံးသွားပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသော်လည်း သေဆုံးခြင်းရှိမရှိအား လူထုနွေဦးမှ သီးခြားအတည်ပြူနိုင်ခြင်း မရှိသေးပေ။

ဒေသခံများ၏ပြောဆိုမှုအရ အုပ်ချုပ်ရေးမှူး ဦးအေးကျော်သည် PDF များအား မကြောက်ကြရန်နှင့် ပြန်ချကြရန် ရပ်ကျေးအစည်းအဝေးများတွင် ပြောဆိုလေ့ရှိသူဖြစ်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

သာယာဝတီမြို့နယ်အတွင်း စစ်ကောင်စီတပ်အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေးဒလန်ဟုဆိုသူများအား တော် လှန်ရေးအဖွဲ့အစည်းများက သုတ်သင်လျှက်ရှိရာ သြဂုတ် ၅ ရက်ညပိုင်းကလည်း စည်ပင်ကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဆိုသူ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။