Connect with us

Hi, what are you looking for?

News

သာယာဝတီမြို့နယ်၌ “နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအဖြစ်” ခလရ -၃၅တပ်ရင်းသို့ ဆန်ရိက္ခာများထောက်ပံ့ပေးနေသည့် ဆန်စက်အား မိုင်းခွဲတိုက်ခိုက်

ရန်ကျော်သည် နွားပွဲသမားများထံမှလည်း မတရား သဖြင့် မိုက်ကြေးခွဲငွေကြေးကောက်ခံ၍ စစ်အာဏာရှင် အလိုကျ ဆောင်ရွက်ပေးနေသူဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၌ “နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအဖြစ်”တပ်မ (၆၆)၏ ခလရ -၃၅တပ်ရင်းသို့ ဆန်ရိက္ခာများထောက်ပံ့ပေးနေသော ဆန်စက်အား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း စစ်ဆင်ရေးတာဝန်ခံက People’s Springသို့ ပြောသည်။

ယနေ့(မေလ ၂၃ ရက်) နံနက် ၃နာရီကျော်ခန့်တွင် သာယာဝတီမြို့နယ် ဂုံမင်းမြောင်ကျေးရွာရှိ ဦးမြင့်သိန်း ဆိုသူ၏ ဆန်စက်အား မိုင်းခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဆန်စက်ပိုင်ရှင်၏ အိမ်စီးကားနှင့် ကုန်ကားတစ်စီးလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဆန်စက်ပိုင်ရှင် ဦးမြင့်သိန်းသည် တပ်မ(၆၆)၏ ခလရ – ၃၅ တပ်ရင်းသို့ ဆန်ရိက္ခာများထောက်ပံ့ပေးနေသူဖြစ်ကာ ၎င်း၏သားဖြစ်သူ ရန်ကျော်သည်လည်း သာယာဝတီခရိုင်လုံခြုံရေးတာဝန်ခံ ဗိုလ်မှူးရဲလင်းနိုင်နှင့် အမြဲသောက် စားမူးယစ်ရမ်းကားကာ လူထုကိုထိတ်လန့်အောင်ပြုမူနေခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်းများကို ဗိုလ်မှူးအားကိုးဖြင့် ၎င်းကိုယ်ပိုင်ရရှိထားသော သေနတ်ဖြင့် ခြိမ်း‌ခြောက်လုပ်ဆောင်လေ့ရှိသူဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ရန်ကျော်သည် နွားပွဲသမားများထံမှလည်း မတရား သဖြင့် မိုက်ကြေးခွဲငွေကြေးကောက်ခံ၍ စစ်အာဏာရှင် အလိုကျ ဆောင်ရွက်ပေးနေသူဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆန်စက်အားမိုင်းခွဲမှုကြောင့် နံနက် ၆နာရီခန့်တွင်အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များရောက်ရှိလာချိန် ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် အချို့ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၂)နှင့်သာယာဝတီခရိုင် PDF တပ်ရင်း (၃၈ဝ၂)နှစ်ခုမှ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၏ “နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးလှုပ်ရှားမှု” အဖြစ် ဆောင်ရွက်ခဲ့သည်။

ယခု ၂၀ ရက်ကလည်း “နန်းထိုက်​အောင်မြို့ပြစစ်ဆင်​ရေး”အဖြစ် သန်လျင်မြို့ သ​ပြေကန်ရဲစခန်းအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စခန်းမှူးသေဆုံးကာ ထိခိုက်သူများရှိသည်ဟု သိရသည်။

“နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”စတင်ပြီး တစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင် စုစုပေါင်း ၅၅ဦးကို သုတ်သင်ရှင်းလင်းထားပြီး ၆၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက People’s Springသို့ မေလ၈ရက်က ပြောထားသည်။

ယခုနှစ် ဧပြီ၈ရက်က စတင်ခဲ့သော “နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”သည် မေလ၈ ရက်က တစ်လပြည့်မြောက်​ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်တပ်ကို ကာလရှည်ခုခံတိုက်ခိုက်နေတဲ့ ချင်းတော်လှန်ရေး မဟာ မိတ်ပူးပေါင်းတပ်က ရဲဘော်တွေအတွက် ရိက္ခာပံ့ပိုးနိုင်ရေး ပါဝင်ပေးကြဖို့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထောက်ပို့ဌာနက နှိုးဆော်ပါတယ်။