Connect with us

Hi, what are you looking for?

သတင်း

ဒလမြို့နယ်မှ ရာအိမ်မှူးနှင့်အဖွဲ့ ပစ်ခတ်ခံရ၊ ရာအိမ်မှူးသေဆုံးဦး နှစ်ဦးဒဏ်ရာပြင်းထန်

“ပစ်ခတ်မှု့ဖြစ်စဉ်ကြောင့်အဓိကပစ်မှတ် ဖြစ်သူဒလန်စိုးမင်းဦး နေရာတွင် သေဆုံးခဲ့ပြီး ၎င်း၏အဖွဲ့ဝင် သုံးဦး (နှစ်ဦး စိုးရိမ်ရ)ဒါဏ်ရာများ ရရှိခဲ့ပါသည်”ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

(ဒလမြို့နယ်ကိုGoogle Map တွင်​တွေရပုံ)
(ဒလမြို့နယ်ကိုGoogle Map တွင်​တွေရပုံ)

ရန်ကုန် ဒလမြို့နယ်ရှိ စစ်ကောင်စီခန့်ရာအိမ်မှူးစိုးမင်းဦးဆိုသူနှင့် အဖွဲ့ဝင်သုံးဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းရန်ကုန်တိုင်း ပြည်သူ့တပ်မဟာက ထုတ်ပြန်သည်။

ယမန်နေ့(သြဂုတ် ၃၀)ညနေ ၆ နာရီခွဲခန့်တွင် ရန်ကုန် တိုင်းပြည်သူ့တပ်မဟာနှင့် ဒလမြို့နယ်(ပကဖ)အဖွဲ့တို့ပူးပေါင်းပြီး သမ္မတကမ်းခြေရပ်ကွက် ရာအိမ်မှုး စိုးမင်းဦးနှင့်အဖွဲ့အား ဝင်ရောက်ရှင်းလင်းပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြသည်။

“ပစ်ခတ်မှု့ဖြစ်စဉ်ကြောင့်အဓိကပစ်မှတ် ဖြစ်သူဒလန်စိုးမင်းဦး နေရာတွင် သေဆုံးခဲ့ပြီး ၎င်း၏အဖွဲ့ဝင် သုံးဦး (နှစ်ဦး စိုးရိမ်ရ)ဒါဏ်ရာများ ရရှိခဲ့ပါသည်”ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

သေဆုံးသူ စိုးမင်းဦးသည် ၂၀၂၁ ခုနှစ်မတ်လ ၂၆ ရက်ညကဒလအရေးအခင်း ဖြစ်စဉ်တွင် အပစ်မဲ့အမျိုးသမီး နှစ်ဦးအား ဖမ်းစီးမှုမှစ၍ ယနေ့ထိ စစ်ကောင်စီနှင့်ပူး ပေါင်းကာ ရပ်ကွက်နေပြည်သူများအား အနိုင်ကျင့်ခြင်း၊ဖမ်းဆီးနှိပ်စက်ခြင်းများကို စဥ်ဆက်မပြတ် ကျူးလွန်နေသူဖြစ်၍ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အသိ ပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်မှုထမ်းပြန်လာတဲ့ လူငယ်က ရာအိမ်မှူးကို ဓားနဲ့ထိုးတဲ့အမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook