Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်ရှိ စစ်ကောင်စီစခန်းနှစ်ခု တပြိုင်နက်ပစ်ခတ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား သေဆုံးမှုများဟုဆို

စစ်ကောင်စီတပ်သားများ အထိအခိုက်အကျအဆုံးများပြားနိုင်ပြီး ၁၀ဦးထက်မနည်း သေဆုံးသည်ဟု ကနဦး သိရှိရကြောင်း BlackGod ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် BlackGodပြောက်ကျားတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-BlackGodပြောက်ကျားတပ်ဖွဲ့)
(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် BlackGodပြောက်ကျားတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-BlackGodပြောက်ကျားတပ်ဖွဲ့)

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း နေရာနှစ်ခုအား တပြိုင်နက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားသေဆုံးမှု များပြားနိုင်ကြောင်း BlackGod ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

သြဂုတ် ၃၀ ရက် ညနေ ၅ နာရီခန့်က မြိုင်မြို့နယ်အနောက်ပိုင်း ၊ ကျောက်ခွက်ရေနံမြေ Well 2 ရှိ စစ်ကောင်စီစခန်းနှင့် တောင်ရိုးလမ်းဆုံ စစ်ဆေးရေးဂိတ်စခန်းတို့ကို စစ်ကိုင်းတိုင်း ​ယင်းမာပင်နှင့် မကွေးတိုင်း မြိုင်နယ်ရှိ ဒေသတွင်း PDFများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့သည်။

အဆိုပါ စစ်ကောင်စီစခန်းနှစ်နေရာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တပြိုင်နက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သဖြင့် ၄၅မိနစ်ခန့် အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်ဟု BlackGod ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

စစ်ကောင်စီတပ်သားများ အထိအခိုက်အကျအဆုံးများပြားနိုင်ပြီး ၁၀ဦးထက်မနည်း သေဆုံးသည်ဟု ကနဦး သိရှိရကြောင်း BlackGod ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အဆိုပါစစ်ဆင်ရေးကို ယင်းမာပင်ခရိုင်တပ်ရင်း (၁၁)၊ တပ်ခွဲ -၃ BlackGodပြောက်ကျားတပ်ဖွဲ့ နှင့်အတူ ဂျိန်းစဘွန်းပြောက်ကျားတပ်ဖွဲ့၊ OneSecondပြောက်ကျားတပ်ဖွဲ့၊ Jokerပြောက်ကျားတပ်ဖွဲ့ အပါအဝင် အခြားသော ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ ၁၀ဖွဲ့ကျော်ခန့်ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က အသိပေးသည်။

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က အကြမ်းဖက်ဖျက်ဆီးမီးရှို့မှုများ ပြုလုပ်နေ၍ ဒေသခံပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook