Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ် ကျောက်ဆောက်ရွာကို ယနေ့နံနက် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး နေသဖြင့် ရွာသူ၊ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရ

မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာကို ယမန်နေ့ (သြဂုတ်၄ရက်)က စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ရဟန်းသံဃာအယောင်ဆောင် များဖြင့်ဝင်၍ ဒေသခံပြည်သူ ၂၇ ဦးခန့် ဖမ်းဆီးထားကြောင်း မြိုင်(ပ.က.ဖ)က အသိပေးထားသည်။

ကျောက်ဆောက်ရွာ မီးရှို့ဖျက်ဆီးခံနေရစဥ်။ဓာတ်ပုံ-We Love Myaing

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီ တပ်သည် ကျောက်ဆောက်ကျေးရွာကို မီးရှို့ဖျက်ဆီးနေသဖြင့် ရွာသူ၊ရွာသားများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (သြဂုတ်၅ရက်) နံနက် ၉နာရီခန့်က စတင်ကာ မြိုင်မြို့နယ်အရှေ့ပိုင်း၊ ကျောက်ဆောက် ရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း We Love Myaing အဖွဲ့က ပြောသည်။

“အသေးစိတ်တော့မသိရသေးဘူး။ အခုတော့​ရွာသူရွာသားတွေပြေးနေရတယ်။”ဟု We Love Myaing အဖွဲ့တာဝန်ရှိသူက ပြောသည်။

ကျောက်ဆောက်ကျေးရွာကို ဇူလိုင် ၂၈ ရက်ကလည်း အကြမ်းဖက် စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့ပြီး နေအိမ်၇လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာကို ယမန်နေ့ (သြဂုတ်၄ရက်)က စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ရဟန်းသံဃာအယောင်ဆောင် များဖြင့်ဝင်၍ ဒေသခံပြည်သူ ၂၇ ဦးခန့် ဖမ်းဆီးထားကြောင်း မြိုင်(ပ.က.ဖ)က အသိပေးထားသည်။

PDF များကိုမဖော်ပါက အိမ်မီးရှို့ပစ်မည်၊ သတ်ပစ်မည်၊ အရေးယူမည်ဟု ခြိမ်းခြောက်ကာ ပြောဆိုထိန်းသိမ်းခံထားရကြောင်း မြိုင်(ပ.က.ဖ)၏ ထုတ်ပြန်ချက်တွင် ​ဖော်ပြသည်။ ထို့ကြောင့် ပြန်လည်တုန့်ပြန်သွားမည်ဖြစ်၍ မြိုင် – ပခုက္ကူကားလမ်း၌ ရဟန်းသံဃာများဖြတ်သန်းသွား လာခြင်း ခေတ္တရပ်ဆိုင်းပေးရန် မြိုင်(ပ.က.ဖ)အဖွဲ့လျှောက်ထားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။