Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မလှိုင်နယ် သက္ကယ်ကျင်းရွာတပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

နွားထိုးကြီး PDFအဖွဲ့သည် နွားထိုးကြီးနယ်နှင့် မြင်းခြံနယ်တို့တွင် စစ်ကောင်စီတပ်အား ခုခံတော်လှန်တိုက်ခိုက်နေသည်။

(ညောင်ဦးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများအား စစ်ကောင်စီတပ်က ပစ်ခတ်ဖြိုခွင်းနေသည်ကို ၂၀၂၁ မတ်လ ၇ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ -CJ)
(ညောင်ဦးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများအား စစ်ကောင်စီတပ်က ပစ်ခတ်ဖြိုခွင်းနေသည်ကို ၂၀၂၁ မတ်လ ၇ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ -CJ)

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် သက္ကယ်ကျင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသတွင်း သတင်းရင်း​မြစ်များက ပြောသည်။

ယမန်နေ့ (သြဂုတ် ၃၁ ရက်) ညနေ ၆နာရီခန့်က မလှိုင်မြို့နယ် သက္ကယ်ကျင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များအား လက်နက်ကြီးများဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး လေးဦးမှာ ပြင်းထန်ဒဏ်ရာရရှိသွား၍ ဆေးရုံသို့ပို့ဆောင်ထားရကြောင်း နွားထိုးကြီး PDFက သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်များသည် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း၍ ပြည်သူများအပေါ် ရက်စက်ယုတ်မာခြင်းများ အကြိမ်ကြိမ်ပြုလုပ်နေခြင်းကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နွားထိုးကြီး PDFက အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ နွားထိုးကြီး PDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုအခြေအနေ ထပ်မံအတည်ပြု၍ မရသေးပေ။

Public Service Announcement

Public Service Announcement

နွားထိုးကြီး PDFအဖွဲ့သည် နွားထိုးကြီးနယ်နှင့် မြင်းခြံနယ်တို့တွင် စစ်ကောင်စီတပ်အား ခုခံတော်လှန်တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။