Connect with us

Hi, what are you looking for?

သတင်း

မလှိုင်နယ် သက္ကယ်ကျင်းရွာတပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

နွားထိုးကြီး PDFအဖွဲ့သည် နွားထိုးကြီးနယ်နှင့် မြင်းခြံနယ်တို့တွင် စစ်ကောင်စီတပ်အား ခုခံတော်လှန်တိုက်ခိုက်နေသည်။

(ညောင်ဦးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများအား စစ်ကောင်စီတပ်က ပစ်ခတ်ဖြိုခွင်းနေသည်ကို ၂၀၂၁ မတ်လ ၇ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ -CJ)
(ညောင်ဦးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများအား စစ်ကောင်စီတပ်က ပစ်ခတ်ဖြိုခွင်းနေသည်ကို ၂၀၂၁ မတ်လ ၇ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ -CJ)

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် သက္ကယ်ကျင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသတွင်း သတင်းရင်း​မြစ်များက ပြောသည်။

ယမန်နေ့ (သြဂုတ် ၃၁ ရက်) ညနေ ၆နာရီခန့်က မလှိုင်မြို့နယ် သက္ကယ်ကျင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များအား လက်နက်ကြီးများဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး လေးဦးမှာ ပြင်းထန်ဒဏ်ရာရရှိသွား၍ ဆေးရုံသို့ပို့ဆောင်ထားရကြောင်း နွားထိုးကြီး PDFက သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်များသည် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း၍ ပြည်သူများအပေါ် ရက်စက်ယုတ်မာခြင်းများ အကြိမ်ကြိမ်ပြုလုပ်နေခြင်းကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နွားထိုးကြီး PDFက အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ နွားထိုးကြီး PDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုအခြေအနေ ထပ်မံအတည်ပြု၍ မရသေးပေ။

Public Service Announcement

Public Service Announcement

နွားထိုးကြီး PDFအဖွဲ့သည် နွားထိုးကြီးနယ်နှင့် မြင်းခြံနယ်တို့တွင် စစ်ကောင်စီတပ်အား ခုခံတော်လှန်တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ဒရုန်းနဲ့ ကျေးရွာတွင်း ဗုံးကြဲခဲ့တာကြောင့် ဆည်ကွဲကျေးရွာက အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

Facebook