မန္တလေးတိုင်းအတွင်းမှာရှိတဲ့ ဌာနဆိုင်ရာတွေရဲ့ CDM ဝန်ထမ်းစာရင်း စစ်ကောင်စီက တောင်းခံတဲ့ စာကို စစ်အုပ်စုလော်ဘီတွေက ဒီရက်ပိုင်းမှာဖြန့်လာကြပါတယ်။
အဲဒီစာထဲမှာ CDM လုပ်ထားတဲ့ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်ကိုပြုစုပြီး စက်တင်ဘာလအတွင်း တင်ပြဖို့ပါရှိပါတယ်။
စစ်အုပ်စုဟာ CDM လုပ်ထားတဲ့ဝန်ထမ်းတွေကို ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်တွေလုပ်နေတာပါ။
စစ်အုပ်စုဟာ ဒီရက်ပိုင်းတွေအတွင်း မန္တလေးမှာ ဖမ်းမိထားတဲ့ ပညာရေးအသိုင်းအဝိုင်းနဲ့ ကျန်းမာရေးအသိုင်းအဝိုင်းက စစ်အာဏာသိမ်းတာကိုဆန့်ကျင်သူတွေကို ဆက်တိုက်ထောင်ချနေတာတွေလုပ်နေပါတယ်။

Public Service Announcement
ဒါအပြင် မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေကို ပိုက်စိတ်တိုက်ရှာဖွေဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။


















































