Connect with us

Hi, what are you looking for?

သတင်း

လက်နက်အပြည့်အစုံဖြင့် CDM ဝင်ရောက်လာသော ရဲတပ်သားအား ကျပ်သိန်း(၇၀)ပေးအပ်ပြီး အခမ်းအနားဖြင့် ဂုဏ်ပြု

CDM များကိုဆက်လက်ကြိုဆိုသွားမည်ဖြစ်ပြီး လက်နက်အပြည့်အစုံပါရှိမှုပေါ်မူတည်၍ ထိုက် တန်စွာ ဂုဏ်ပြုပေးသွားမည်ဟုလည်း ၎င်းက ဆိုသည်။

ဓာတ်ပုံ - The Youth Force (Saw&Kyaukhtu)
ဓာတ်ပုံ - The Youth Force (Saw&Kyaukhtu)

လက်နက်အပြည့်အစုံဖြင့် CDM ဝင်ရောက်လာသော ရဲတပ်သားအား ကျပ်သိန်း (၇၀)ပေးအပ်ပြီး အခမ်းအနားဖြင့် ဂုဏ်ပြုပေးခဲ့ကြောင်း The Youth Force (Saw & Kyaukhtu)က ယနေ့ (စက်တင်ဘာ ၁ ရက်) ထုတ်ပြန်သည်။

ဆောမြို့ ရဲစခန်းမှ ရဲတပ်သား ကိုဉာဏ်မင်းသည် ဗုံးသီး (၄) လုံး ၊ ကျည် (၃၀၀) တောင့် ၊ G3 တစ်လက် ၊ ကျည်ဘောက် (၂)ခုဖြင့် The Youth Force (Saw&Kyaukhtu) ထံသို့ ယမန်နေ့က ဝင်ရောက်ခိုလှုံလာခြင်း ဖြစ်သည်။

“အခု CDM ရဲတစ်ယောက်အပါအဝင် ကျွန်တော်တို့တပ်ဖွဲ့ထဲကို စုစုပေါင်း CDM လုပ်လာတဲ့ စစ်သားနဲ့ရဲ ၁၀ဦးကျော်ရှိပြီ”ဟု The Youth Force (Saw&Kyaukhtu) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

CDM များကိုဆက်လက်ကြိုဆိုသွားမည်ဖြစ်ပြီး လက်နက်အပြည့်အစုံပါရှိမှုပေါ်မူတည်၍ ထိုက် တန်စွာ ဂုဏ်ပြုပေးသွားမည်ဟုလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

၎င်းသည် ရဲတပ်သားတာဝန်ကို ၂၀၁၇ ဇူလိုင် ၁၃ရက်တွင် စတင်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း အသိပေးသည်။

The Youth Force (Saw & Kyaukhtu) မှ ဂုဏ်ပြုငွေ ကျပ်သိန်း (၇၀) ဖြင့်ခမ်းနားစွာဂုဏ်ပြုပေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

"အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် နေပြည်တော် ကားအငှားဝန်ဆောင်မှုနဲ့ ကားမောင်းသင်တန်းက ကိုဝင်းပါ။ အခုကတော့ ကျွန်တော် ဘယ်ရောက်နေလဲဆိုတော့ မန္တလေး တံတားဦးကို ရောက်နေတာဖြစ်ပါတယ်ခင်ဗျာ"

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။