Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့(စက်တင်ဘာ ၂ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ကမ္ဘာကျော် Power 54 (ခြံအမှတ် ၅၄)ကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် NUG သတ်မှတ်

တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် ၅၄-၅၆ ကို ကြားကာလ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီနေ့ကြေညာလိုက်ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေ အိမ်၊ ကမ္ဘာကျော် Power 54 ကို လက်ရှိအတိုင်း ပုံစံမပျက်ထားရှိပြီး နည်းလမ်းတစ်မျိုးမျိုးနဲ့ အသုံးချတာကို တင်းကြပ်စွာတားမြစ်တယ်လို့ NUG က ဆိုပါတယ်။ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်မယ်ဆိုရင် ဥပဒေအရ အရေးယူသွားမယ့်အပြင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုလည်း Black list သွင်းမယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်၏ခြံအမှတ် ၅၄သို့ အ​မေရီကန်သမ္မတအိုဘားမားလာ​ရောက်ခဲ့စဥ် ။ ဓါတ်ပုံ- File Photo
နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်၏ခြံအမှတ် ၅၄သို့ အ​မေရီကန်သမ္မတအိုဘားမားလာ​ရောက်ခဲ့စဥ် ။ ဓါတ်ပုံ- File Photo

▪︎ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်းကို KNU တပ်မဟာ(၅) တိုက်ခိုက်သိမ်းပိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော် (ဖာပွန်)ခရိုင် အတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅) တပ်ဖွဲ့ဝင်တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

KNUတပ်မဟာ ၅ က စစ်​ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရမိ​​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-Thooleipoe
KNUတပ်မဟာ ၅ က စစ်​ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရမိ​​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-Thooleipoe

ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ် ဖောလုတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက် (၈)လက်နဲ့ ခဲယမ်း၊ကျည်တွေ ရရှိခဲ့တယ်လို့ KNU သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

KNUတပ်မဟာ ၅ က စစ်​ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရမိ​​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-Thooleipoe
KNUတပ်မဟာ ၅ က စစ်​ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရမိ​​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-Thooleipoe

▪︎ကနီပြည်မှာ ဩဂုတ်လအတွင်း စစ်ကောင်စီအရာရှိနဲ့ စနိုက်ပါ ၆ ဦးအပါအဝင် ၅၀ ကျော်သေဆုံးဟုဆို

ကရင်နီပြည် သြဂုတ်လအတွင်းစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်အရာရှိနဲ့ စနိုက်ပါ ခြောက်ဦးအပါအဝင် ၅၀ ကျော်သေဆုံးတယ်လို့ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန် ပါတယ်။ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အရာရှိတစ်ဦး၊ စနိုက်ပါ ‌ခြောက်ဦးအပါအဝင် စုစုပေါင်း ၅၃ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။ ဖရူဆို – ဒီးမော့ဆို လမ်းမကြီးပေါ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို သြဂုတ် ၁၆ ကနေ ၃၁ ရက်အတွင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး စနိုက်ပါ အဖွဲ့ ၊ KNDF စနိုက်ပါအဖွဲ့ ၊ အလယ်ပိုင်းတိုင်း(၁၁၀၁)တပ်ဖွဲ့ ၊ KA တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

▪︎သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ်စီထပ်ချ

ရွေးကောက်ပွဲအနိုင်ရအောင် မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု အစိုးရအဖွဲ့ ရုံးဝန်ကြီး ဦးမင်းသူ တို့ ၃ ဦးကို စစ်ကောင်စီက ဒီနေ့ ထောင်ဒဏ် ၃ နှစ်စီချလိုက်ပါတယ်။ စွဲဆိုထားတဲ့ ပုဒ်မရဲ့ အမြင့်ဆုံးထောင်ဒဏ်ကို ချမှတ်ခဲ့တာဖြစ်ပြီး ဒီနေ့ချမှတ်လိုက်တဲ့ ၃ နှစ်အပါအဝင် ဒေါ်အောင်ဆန်းစု ကြည်ကို တရားမဝင်အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ်စုစုပေါင်း နှစ် ၂၀ ချမှတ်ပြီးဖြစ်ပါ တယ်။ မြန်မာပြည်သူတွေနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ရွေးကောက်ခံ နိုင်ငံခေါင်းဆောင်တွေအပေါ် စွဲဆိုထားတဲ့ ပုဒ်မတွေဟာ တရားလက်လွတ်စွဲဆိုထားတာဖြစ်ပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုထားကြပါတယ်။

နိုင်ငံ​​တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်နှင့် နိုင်ငံ​တော်သမ္မတဦးဝင်းမြင့် ။ ။ဓါတ်ပုံ-AFP
နိုင်ငံ​​တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်နှင့် နိုင်ငံ​တော်သမ္မတဦးဝင်းမြင့် ။ ။ဓါတ်ပုံ-AFP

▪︎KNLA တပ်မဟာ ၅ ထံ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အမှတ်(၅)တပ်မဟာထံ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်ရောက်လာတယ်လို့ တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ စကခ(၈)လက်အောက်ခံတပ်ရင်းဖြစ်တဲ့ ခရမ(၅၉၃)က အသက်(၂၅)နှစ်ရှိ တပ်သားမောင်သန့်ဇင်အောင်ဟာ (MA-3) သေနတ်တစ်လက်၊ ကျည်(၁၇၀)တောင့်နဲ့ လက်ပစ်ဗုံးတစ်လုံးယူဆောင်လာခဲ့ပြီး ကော်သူးလေ၊ မူတြော်(ဖာပွန်)ခရိုင် KNLA တပ်မဟာ(၅)ထံ အလင်းဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားကို KNLA တပ်မဟာ(၅)တာဝန်ရှိသူတွေက ကောင်းမွန်စွာလက်ခံကြိုဆိုစောင့်ရှောက်တဲ့အပြင် ဆုငွေ ကျပ် သိန်း ၂၀ ဆုချခဲ့တယ်လို့ တပ်မဟာ(၅)တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

CDMပြုလုပ်၍ ပြည်သူနှင့်ပူး​ပေါင်းလာ​သောတပ်မ​တော်သား တစ်ဦး ။ ။ဓါတ်ပုံ-KNU Mudraw News
CDMပြုလုပ်၍ ပြည်သူနှင့်ပူး​ပေါင်းလာ​သောတပ်မ​တော်သား တစ်ဦး ။ ။ဓါတ်ပုံ-KNU Mudraw News

▪︎မြောင်မြို့နယ်မှာ အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ် အကြောင်းမဲ့သတ်ဖြတ်နေ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်က ကျေးရွာတွေကို ဆက်လက်စစ်ကြောင်းထိုးနေပြီး ဒီနေ့မနက်ပိုင်းမှာ ကင်းကျေးရွာရှိ အမျိုးသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ကင်းကျေးရွာမှာ အသက် (၆၀)အရွယ် ဦးထွန်းလှဆိုသူကို ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်ပြီး နောက်ထပ်အမျိုးသားကြီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ မြောင်နယ်ထဲမှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိလည်း လက် နက်ကြီးနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၉ နှစ်အရွယ်လူငယ်တစ်ဦးအပါအဝင် အနည်းဆုံး အရပ်သား ၄ ဦး ဒီရက်ပိုင်းမှာ သေဆုံးခဲ့ပါတယ်။ ဒေသခံ ထောင်ကျော်လည်း ထွက် ပြေးတိမ်းရှောင်နေရပါတယ်။

●စစ်​ကောင်စီအ​ပေါ်ခုခံ​​တော်လှန်စစ်ပွဲ​တွေ

▪︎တနင်္သာရီမှာ စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်

နန်းထိုက်အောင်စစ်ဆင်ရေး အစိတ်အပိုင်းအဖြစ် ရေးမြို့ကနေ ထားဝယ်မြို့ဘက်ကို ဦးတည်နေတဲ့ စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ သြဂုတ် ၃၁ ရက် မနက်ပိုင်းက တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး နောက်ဆက်တွဲသတင်းတွေအရ စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ နန်းထိုက်အောင်စစ်ဆင်ရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

▪︎စစ်ကောင်စီတပ်နဲ့ ပျူစခန်းနေရာတွေကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာတွေကို အကြမ်းဖက်မီးရှို့ဖျက်ဆီးနေတဲ့ ကြွယ်ပုံကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတို့ရဲ့ စခန်းချရာနေရာတွေကို ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒေသတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သြဂုတ် ၃၁ရက် ညနေပိုင်းမှာ ကြွယ်ပုံရွာရှိ ပျူစောထီးတွေနဲ့အတူရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးသီး ငါးလုံးချ တိုက်ခိုက်ခဲ့ပြီး (၆၀) မမနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာမှာလည်း စစ်ကောင်စီတပ်စခန်းကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

▪︎စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ ၁၀ ဦးထက်မနည်း သေဆုံးဟုဆို

ကလေးမြို့ဘက်မှ လာတဲ့ အင်အား ၁၅၀ခန့်ပါ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ PDF-GanGaw က ထုတ်ပြန်ပါတယ်။ တိုက်ပွဲ ဖြစ်စဉ်တွေအရ သြဂုတ် ၁၉ ကနေ ၂၉ ရက်အတွင်း စစ်ကောင်စီ​ရဲ့ ခလရ(၅၅) စစ်ကြောင်းကို ဂန့်ဂေါခရိုင်အမှတ်(၁)တပ်ရင်းနဲ့အတူ ပကဖ ရဲဘော်တွေက (၈)ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

က​လေးPDF တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-က​လေးPDF
က​လေးPDF တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-က​လေးPDF

▪︎စစ်ကောင်စီခန့်အုပ်ကြီးတွေနဲ့ ပျူတွေ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ဇီးပင်လှကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သောင်းစိန် (ခ)စိန်ခေါ်သံဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၃)၊ တပ်စု (၇) ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)တို့က ဒီနေ့ထုတ်ပြန်ပါတယ်။ မနေ့ကလည်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စီတီးရွာ(စီတီးရပ်ကွက်)ရဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ဆိုသူ ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်နဲ့ ပူးပေါင်းကာ ဒေသခံပြည်သူတွေကို အကြမ်းဖက်နေတဲ့ ပျူစောထီးအဖွဲ့ဝင် သုံးဦးကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး သူတို့ရဲ့လက်နက်တစ်လက်ကိုပါ သိမ်းဆည်းခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောသည်။

▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာ ဒီနေ့မနက်ပိုင်းက တော်လှန်လူငယ်တွေက “ကျွန်တော်တို့ ကြောက်တာ ပြည်သူတွေ သွေးအေးမှာဘဲ” စာသားကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေ သွေးမအေးကြဖို့ နှိုးဆော်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းက ကလည်း LGBT ဖွဲ့စည်းခြင်း (၁)နှစ်ပြည့်အဖြစ် လူဦးရေ ၅၀၀ ခန့်ချီတက်ကာ “၁ နှစ်ပြည့်မှသည် ရှေ့သို့ချီ LGBT သွေးရဲရဲနီ” စာသားနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ