Connect with us

Hi, what are you looking for?

LuduNwayOo

News

မြို့သစ်မြို့နယ် ပုတီးကုန်းရွာအုပ်ကြီးဒလန်ထွန်းထွန်းအား သုတ်သင်ခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကြေညာ

ပုတီးကုန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီမှ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်ခန့်အပ်ထားသည့် အများပြည်သူမှ အကြီးစားဒလန်ဟု သတ်မှတ်ထားသူ ဒလန်ထွန်းထွန်းအား ဖောင်းဒိုင်းခဲ့ပါသည်ဟု ထုတ်ပြန်သည်။

မကွေးတိုင်း မြို့သစ်မြို့နယ် ပုတီးကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဒလန်ထွန်းထွန်းအား ယနေ့(သြဂုတ်၂၂ရက်)နံနက် ၉နာရီခန့်တွင် သုတ်သင်ခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကြေညာသည်။

ပုတီးကုန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီမှ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်ခန့်အပ်ထားသည့် အများပြည်သူမှ အကြီးစားဒလန်ဟု သတ်မှတ်ထားသူ ဒလန်ထွန်းထွန်းအား ဖောင်းဒိုင်းခဲ့ပါသည်ဟု ထုတ်ပြန်သည်။

အဆိုပါ အကြီးစားဒလန်ထွန်းထွန်းသည် တပ်မတော်ထောက်ခံပွဲများတွင်ဦးဆောင်၍ စည်းရုံးလှုံ့ဆော်သူအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ကျွန်ုပ်တို့အနေဖြင့် မြို့သစ်မြို့နယ်တွင် နေထိုင်လျက်ရှိသည့် အကြမ်းဖက် စစ်ကောင်စီ ၏ လက်ပါးစေများ၊ သတင်းပေး ဒလန်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ နှီးနွယ်ဆက်စပ်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့အား လုံးဝ(လုံးဝ) တာဝန်ယူမည် မဟုတ်ပါကြောင်း အထူးသတိပေးချက် ထုတ်ပြန်လိုက်သည်ဟု ထပ်မံဖော်ပြထားသည်။

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ်အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့်လည်း ပူးပေါင်း ပါဝင်ကြပါရန် လေးစားစွာမေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။