Connect with us

Hi, what are you looking for?

News

မြို့သစ်မြို့နယ် ပုတီးကုန်းရွာအုပ်ကြီးဒလန်ထွန်းထွန်းအား သုတ်သင်ခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကြေညာ

ပုတီးကုန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီမှ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်ခန့်အပ်ထားသည့် အများပြည်သူမှ အကြီးစားဒလန်ဟု သတ်မှတ်ထားသူ ဒလန်ထွန်းထွန်းအား ဖောင်းဒိုင်းခဲ့ပါသည်ဟု ထုတ်ပြန်သည်။

မကွေးတိုင်း မြို့သစ်မြို့နယ် ပုတီးကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဒလန်ထွန်းထွန်းအား ယနေ့(သြဂုတ်၂၂ရက်)နံနက် ၉နာရီခန့်တွင် သုတ်သင်ခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကြေညာသည်။

ပုတီးကုန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီမှ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်ခန့်အပ်ထားသည့် အများပြည်သူမှ အကြီးစားဒလန်ဟု သတ်မှတ်ထားသူ ဒလန်ထွန်းထွန်းအား ဖောင်းဒိုင်းခဲ့ပါသည်ဟု ထုတ်ပြန်သည်။

အဆိုပါ အကြီးစားဒလန်ထွန်းထွန်းသည် တပ်မတော်ထောက်ခံပွဲများတွင်ဦးဆောင်၍ စည်းရုံးလှုံ့ဆော်သူအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ကျွန်ုပ်တို့အနေဖြင့် မြို့သစ်မြို့နယ်တွင် နေထိုင်လျက်ရှိသည့် အကြမ်းဖက် စစ်ကောင်စီ ၏ လက်ပါးစေများ၊ သတင်းပေး ဒလန်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ နှီးနွယ်ဆက်စပ်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့အား လုံးဝ(လုံးဝ) တာဝန်ယူမည် မဟုတ်ပါကြောင်း အထူးသတိပေးချက် ထုတ်ပြန်လိုက်သည်ဟု ထပ်မံဖော်ပြထားသည်။

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ်အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့်လည်း ပူးပေါင်း ပါဝင်ကြပါရန် လေးစားစွာမေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။