Connect with us

Hi, what are you looking for?

သတင်း

မြောင်တွင် စစ်ကောင်စီတပ်အား တပ်ကြပ်ဟောင်းဖြစ်သူ ရဲဘော်တစ်ဦးတည်းခံပစ်၍ ကျဆုံး

ရဲဘော်ရေ နွေဦးတော်လှန်ရေးမှာ မြောင်မြို့နယ် အတွက် တာဝန်ကျေခဲ့ပါပြီ။ ကျန်ရစ်ခဲ့တဲ့ ခင်များရဲ့ရဲဘော်တွေကိုလည်း ကျနော်တို့တစ်တွေ ပြုစုစောင့်ရှောက်ပေးသွားပါမယ်။

ဒဏ်ရာရခဲ့သည့် ရဲဘော်အား ဆေးကုသမှုပေးနေစဉ်
ဒဏ်ရာရခဲ့သည့် ရဲဘော်အား ဆေးကုသမှုပေးနေစဉ်

▪️စစ်ကောင်စီတပ်သား ၂ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်ကို တစ်ဦးတည်းခုခံပစ်ခတ်ရင်း ( စစ်ကောင်စီတပ်ကြပ်ဟောင်း) ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း မြောင်CDSOM အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (စက်တင်ဘာလ ၂ ရက်) က စစ်ကောင် စီတပ်သည် မြောင်မြို့နယ်အတွင်းရှိ မြစ်သာရွာနှင့် ကင်းကျေးရွာတို့တွင် စစ်ကြောင်း နှစ်ကြောင်း တပြိုင်ထည်းဝင်ရောက်ခဲ့သည်။

မြစ်သာရွာဘက် ရောက်ရှိနေသော စစ်ကြောင်းနှင့် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)မှ ကင်းထောက်ရဲဘော် နှစ်ဦးနှင့် ထိတွေ့မှုဖြစ်ပွားခဲ့သည်။

ဒဏ်ရာရခဲ့သည့် ရဲဘော်အား ဆေးကုသမှုပေးနေစဉ်
ဒဏ်ရာရခဲ့သည့် ရဲဘော်အား ဆေးကုသမှုပေးနေစဉ်

အသင့်စောင့်နှင့်နေသော စစ်ကောင်စီကင်းပုန်းများနှင့် ကာကွယ်ရေးရဲဘော် နှစ်ဦးတို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး ကင်းထောက်ရဲဘော် နှစ်ဦးအနက် တစ်ဦးမှာ လက်မောင်းဒဏ် ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရရဲဘော်အား ပြန်ဆုတ်ခိုင်းပြီး ကျန်ရဲဘော်မှ ခံပစ်ကူရင်း ကျည်ဘောက်(၃)ခုကုန်သည့်တိုင်အောင် အကြမ်းဖက်စစ်ကောင်စီတပ်များကို ခုခံပစ်ခတ်ခဲ့သည်ဟု CDSOM က ပြော သည်။

မွန်းလွဲ ၁၂နာရီ ၄၀ မိနစ်တွင် ခုခံပစ်ခတ်ပေးနေသည့် CDSOM အနောက်ပိုင်းတိုက်ခိုက်ရေးနှင့် ကာကွယ်ရေးအဖွဲ့ (006) အဖွဲ့က ရဲဘော် သန့်ဇင်သည် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ကျည်ပေါက်ရာဗလပွ ၊ မျက်နှာတခြမ်းပျက်ဆီးပြီး ၊ အသားများကြေမွ ပွင့်ထွက်ပြီး ပြည်သူများနှင့်သွေးသောက်ရဲဘော်အား ခုခံကာကွယ်ရင်း မြင့်မြတ်စွာကျဆုံးသွားခဲ့ကြောင်း CDSOM အဖွဲ့က ပြောသည်။

အဆိုပါတိုက်ပွဲတွင် အာဇာနည် ရဲဘော် ကိုသန့်ဇင်၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း CDSOM အဖွဲ့က ပြောသည်။

ယမန်နေ့က တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်ကိုသန့်ဇင်ရုပ်အလောင်းအားတွေ့ရစဉ်၊ဓာတ်ပုံ - CDSOM
ယမန်နေ့က တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်ကိုသန့်ဇင်ရုပ်အလောင်းအားတွေ့ရစဉ်၊ဓာတ်ပုံ – CDSOM

ကျဆုံးသွားသည့် အာဇာနည် ကိုသန့်ဇင်သည် ယခင်က (၂၅၆)တပ်ရင်းမှ တပ်ကြပ်ရာထူးရှိသူဖြစ်ပြီး တပ်တွင်းနေထိုင်မှု စားသောက်မှု ခက်ခဲသောကြောင့် ထွက်ပြေးခဲ့သည့်အတွက် သက်ဆိုင်ရာ ပြစ်ဒဏ်ခံခဲ့ရသူတစ်ဦးဖြစ်ကြောင်း CDSOMက အသိပေးသည်။

၎င်းသည် ကိုဗစ်ကာလ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာပြီး ၂၀၂၁ နွေဦးတော်လှန်ရေးတွင် ပြည်သူ့ကာကွယ်ရေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ယောက်ဖြစ်ကြောင်း သိရသည်။

“သူသည်တာဝန်ကျေလွန်းသည်ထက်များစွာထမ်းဆောင်သူတစ်ယောက်ဖြစ်ပါသည် ။

ရဲဘော်ရေ နွေဦးတော်လှန်ရေးမှာ မြောင်မြို့နယ် အတွက် တာဝန်ကျေခဲ့ပါပြီ။ ကျန်ရစ်ခဲ့တဲ့ ခင်များရဲ့ရဲဘော်တွေကိုလည်း ကျနော်တို့တစ်တွေ ပြုစုစောင့်ရှောက်ပေးသွားပါမယ်။

စိတ်ဖြောင့်ဖြောင့်နဲ့သာ သွားပါတော့။ ကြယ်တွေကြွေတာ ရပ်ပါတော့။ကောင်းမွန်မြင့်မြတ်ရာ ဘုံဘဝမှာ ငြိမ်းချမ်းစွာ အနားယူပါတော့။”ဟု CDSOM အဖွဲ့ဝင် ကိုနွေဦး-မြောင် က ပြောသည်။

မြောင်မြို့နယ်တွင် သြဂုတ်လကုန်ပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်များ တကျော့ပြန်စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူ သုံးဦးထက် မနည်း သတ်ဖြတ်ခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook