Connect with us

Hi, what are you looking for?

သတင်း

မြောင်နယ်တွင် စစ်ကောင်စီတပ်က ဆက်လက်စစ်ကြောင်းထိုး အကြမ်းဖက်နေပြီး ပြည်သူတစ်ဦးကို သတ်ဖြတ်

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မြောင်မြို့နယ်ရှိ ဒေသခံပြည်သူ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြောင် CDSOM အဖွဲ့က ပြောသည်။

(ယမန်နေ့မွန်းလွဲပိုင်းက စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ဇီးကျွန်းရွာ၌ သေဆုံးခဲ့သူတစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - CDSOM)
(ယမန်နေ့မွန်းလွဲပိုင်းက စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ဇီးကျွန်းရွာ၌ သေဆုံးခဲ့သူတစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - CDSOM)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား ဆက်လက်စစ်ကြောင်းထိုးနေပြီး ယနေ့နံနက်ပိုင်းက ကင်းကျေးရွာရှိ အမျိုးသားတစ်ဦးအား ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

​ယနေ့ (စက်တင်ဘာ ၂ ရက်) နံနက် ၅နာရီခန့်က ကျောက်ရစ်ရွာစခန်းမှ ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းသည် ကင်းကျေးရွာအရောက်တွင် ပစ်ခတ်ခဲ့ရာ အသက် (၆၀)အရွယ် ဦးထွန်းလှဆိုသူ သေဆုံးခဲ့ပြီး နောက်ထပ်အမျိုးသားကြီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့က ပြောသည်။

ယမန်နေ့ (စက်တင်ဘာလ ၁ ရက်)က မြောင်မြို့နယ်၊ မြစ်သာ‌ကျေးရွာကို ရောက်‌ရှိနေသည့် စစ်ကောင်စီတပ်သည် ထွက်ခွာခြင်းမရှိသေးဘဲ ရေစကြိုနယ်ဘက်မှ စက်လှေ(၂)စီးဖြင့် အင်အား(၇၀)ခန့် ထပ်မံရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် သြဂုတ် ၃၁ရက်နံနက် ၁၁နာရီခန့်က ကျောက်ရစ်အနောက်ရွာအနောက်ဘက်မှတိုက်ပွဲမရှိဘဲ (၆၀)မမ လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဇီးကျွန်းကျေးရွာဘက်သို့ ကျရောက်ပြီး အမျိုးသားနှစ်ဦးသေဆုံးကာ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မြောင်မြို့နယ်ရှိ ဒေသခံပြည်သူ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြောင် CDSOM အဖွဲ့က ပြောသည်။

ထိုနေ့ ည၁၁နာရီခန့်ကလည်း စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် သနပ်ကုန်းကျေးရွာနေ အသက်(၁၉)နှစ်အရွယ် လူငယ်တစ်ဦးသေဆုံးခဲ့သေးသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မြောင်မြို့နယ်ရှိ ဒေသခံပြည်သူထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

Facebook