Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်နယ်တွင် စစ်ကောင်စီတပ်က ဆက်လက်စစ်ကြောင်းထိုး အကြမ်းဖက်နေပြီး ပြည်သူတစ်ဦးကို သတ်ဖြတ်

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မြောင်မြို့နယ်ရှိ ဒေသခံပြည်သူ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြောင် CDSOM အဖွဲ့က ပြောသည်။

(ယမန်နေ့မွန်းလွဲပိုင်းက စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ဇီးကျွန်းရွာ၌ သေဆုံးခဲ့သူတစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - CDSOM)
(ယမန်နေ့မွန်းလွဲပိုင်းက စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ဇီးကျွန်းရွာ၌ သေဆုံးခဲ့သူတစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - CDSOM)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား ဆက်လက်စစ်ကြောင်းထိုးနေပြီး ယနေ့နံနက်ပိုင်းက ကင်းကျေးရွာရှိ အမျိုးသားတစ်ဦးအား ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

​ယနေ့ (စက်တင်ဘာ ၂ ရက်) နံနက် ၅နာရီခန့်က ကျောက်ရစ်ရွာစခန်းမှ ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းသည် ကင်းကျေးရွာအရောက်တွင် ပစ်ခတ်ခဲ့ရာ အသက် (၆၀)အရွယ် ဦးထွန်းလှဆိုသူ သေဆုံးခဲ့ပြီး နောက်ထပ်အမျိုးသားကြီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့က ပြောသည်။

ယမန်နေ့ (စက်တင်ဘာလ ၁ ရက်)က မြောင်မြို့နယ်၊ မြစ်သာ‌ကျေးရွာကို ရောက်‌ရှိနေသည့် စစ်ကောင်စီတပ်သည် ထွက်ခွာခြင်းမရှိသေးဘဲ ရေစကြိုနယ်ဘက်မှ စက်လှေ(၂)စီးဖြင့် အင်အား(၇၀)ခန့် ထပ်မံရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် သြဂုတ် ၃၁ရက်နံနက် ၁၁နာရီခန့်က ကျောက်ရစ်အနောက်ရွာအနောက်ဘက်မှတိုက်ပွဲမရှိဘဲ (၆၀)မမ လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဇီးကျွန်းကျေးရွာဘက်သို့ ကျရောက်ပြီး အမျိုးသားနှစ်ဦးသေဆုံးကာ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မြောင်မြို့နယ်ရှိ ဒေသခံပြည်သူ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြောင် CDSOM အဖွဲ့က ပြောသည်။

ထိုနေ့ ည၁၁နာရီခန့်ကလည်း စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် သနပ်ကုန်းကျေးရွာနေ အသက်(၁၉)နှစ်အရွယ် လူငယ်တစ်ဦးသေဆုံးခဲ့သေးသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မြောင်မြို့နယ်ရှိ ဒေသခံပြည်သူထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။