Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမှာ ရေမြောင်းထဲ ဆင်းပြေးတဲ့ လူငယ် ကို စစ်ကောင်စီတပ် ပစ်ခတ်ဖမ်းဆီး

ဒီနေ့ နေ့လယ်ပိုင်းက တံခွန်တိုင်အဝိုင်း ၊ Garden City အိမ်ရာအနီးမှာ လူငယ် ၂ ဦးကို စစ်ကောင်စီတပ် ကဖမ်းဆီးဖို့လုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

မန္တလေးမှာ ရေမြောင်းထဲ ဆင်းပြေးတဲ့ လူငယ် ကို စစ်ကောင်စီတပ် ပစ်ခတ်ဖမ်းဆီး
မန္တလေးမှာ ရေမြောင်းထဲ ဆင်းပြေးတဲ့ လူငယ် ကို စစ်ကောင်စီတပ် ပစ်ခတ်ဖမ်းဆီး

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း စစ်ကောင်စီတပ်က ပိတ်ဆို့ဖမ်းဆီးချိန် ရေမြောင်းထဲ ဆင်းပြေးတဲ့ လူငယ်ကို ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းက တံခွန်တိုင်အဝိုင်း ၊ Garden City အိမ်ရာအနီးမှာ လူငယ် ၂ ဦးကို စစ်ကောင်စီတပ် ကဖမ်းဆီးဖို့လုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

အဲဒီလို ဖမ်းဆီးချိန် လူငယ် ၂ ဦးအနက် ၁ ဦးဟာ အနီးက ရေမြောင်းထဲ ခုန်ဆင်းပြီး ရေကူးထွက်ပြေးရာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ခြေထောက်ထိသွားပြီး ဖမ်းဆီးခံလိုက်ရပါတယ်။

ဒီလို ရေမြောင်းထဲ ဆင်းပြေးတဲ့ လူငယ် ကို အရပ်ဝတ် လက်နက်ကိုင် စစ်ကောင်စီတပ်သား က ပစ်ခတ်ဖမ်းဆီးဖို့ ကြိုးပမ်းတာကို ရိုက်ယူထားတဲ့ ရုပ်သံဖိုင်လည်း လူမှုကွန်ရက်မှာထွက်ပေါ်နေပါတယ်။

Public Service Announcement

Public Service Announcement

ရေမြောင်းထဲ ဆင်းပြေးတဲ့ လူငယ် ဖမ်းမိသွားပေမယ့် ကျန် လူငယ် ၁ ဦးကတော့ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။

မန္တလေးမှာ စစ်ကောင်စီတပ်ဟာ ဒီရက်ပိုင်းတွေအတွင်း အစစ်အဆေးကြမ်းနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။