Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ရေမြောင်းထဲ ဆင်းပြေးတဲ့ လူငယ် ကို စစ်ကောင်စီတပ် ပစ်ခတ်ဖမ်းဆီး

ဒီနေ့ နေ့လယ်ပိုင်းက တံခွန်တိုင်အဝိုင်း ၊ Garden City အိမ်ရာအနီးမှာ လူငယ် ၂ ဦးကို စစ်ကောင်စီတပ် ကဖမ်းဆီးဖို့လုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

မန္တလေးမှာ ရေမြောင်းထဲ ဆင်းပြေးတဲ့ လူငယ် ကို စစ်ကောင်စီတပ် ပစ်ခတ်ဖမ်းဆီး
မန္တလေးမှာ ရေမြောင်းထဲ ဆင်းပြေးတဲ့ လူငယ် ကို စစ်ကောင်စီတပ် ပစ်ခတ်ဖမ်းဆီး

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း စစ်ကောင်စီတပ်က ပိတ်ဆို့ဖမ်းဆီးချိန် ရေမြောင်းထဲ ဆင်းပြေးတဲ့ လူငယ်ကို ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းက တံခွန်တိုင်အဝိုင်း ၊ Garden City အိမ်ရာအနီးမှာ လူငယ် ၂ ဦးကို စစ်ကောင်စီတပ် ကဖမ်းဆီးဖို့လုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

အဲဒီလို ဖမ်းဆီးချိန် လူငယ် ၂ ဦးအနက် ၁ ဦးဟာ အနီးက ရေမြောင်းထဲ ခုန်ဆင်းပြီး ရေကူးထွက်ပြေးရာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ခြေထောက်ထိသွားပြီး ဖမ်းဆီးခံလိုက်ရပါတယ်။

ဒီလို ရေမြောင်းထဲ ဆင်းပြေးတဲ့ လူငယ် ကို အရပ်ဝတ် လက်နက်ကိုင် စစ်ကောင်စီတပ်သား က ပစ်ခတ်ဖမ်းဆီးဖို့ ကြိုးပမ်းတာကို ရိုက်ယူထားတဲ့ ရုပ်သံဖိုင်လည်း လူမှုကွန်ရက်မှာထွက်ပေါ်နေပါတယ်။

Public Service Announcement

Public Service Announcement

ရေမြောင်းထဲ ဆင်းပြေးတဲ့ လူငယ် ဖမ်းမိသွားပေမယ့် ကျန် လူငယ် ၁ ဦးကတော့ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။

မန္တလေးမှာ စစ်ကောင်စီတပ်ဟာ ဒီရက်ပိုင်းတွေအတွင်း အစစ်အဆေးကြမ်းနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook