Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ၊ လက်နက်တစ်လက်နှင့် ကျည်၊ ခဲယမ်းများရဟု KNDF ထုတ်ပြန်

တိုက်ပွဲမှာ ၄နာရီကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကာ အပြင်းအထန် ဒဏ်ရာရသူများပြားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ထံမှ MA-3 သေနတ် (၁)လတ် ၊ ခဲယမ်း နှင့်ကျည်ဆန်များကို သိမ်းဆည်းရမိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြခဲ့သည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ ပြသထားစဥ်၊ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ ပြသထားစဥ်၊ ဓာတ်ပုံ - KNDF)

▪️ဖရူဆို၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ကိုလည်း ကရင်နီပူးပေါင်းတပ်တိုက်ခိုက်ရာ သေဆုံးထိခိုက်မှုရှိဟုဆို

ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယနေ့နံနက်က ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်အနီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်သူများရှိခဲ့ပြီး လက်နက်တစ်လက်နှင့် ခဲယမ်း၊ ကျည် များ သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ ပြသထားစဥ်၊ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ ပြသထားစဥ်၊ ဓာတ်ပုံ – KNDF)

စက်တင်ဘာ ၄ ရက် နံနက် ၆နာရီခွဲတွင် ငွေတောင်ရွာသစ်ကျေးရွာအနီး၌ စစ်ကြောင်းထိုးတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား ကရင်နီတပ်မတော် (KA) နှင့် KNDF တပ်ရင်း(၁၀)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲမှာ ၄နာရီကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကာ အပြင်းအထန် ဒဏ်ရာရသူများပြားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ထံမှ MA-3 သေနတ် (၁)လတ် ၊ ခဲယမ်း နှင့်ကျည်ဆန်များကို သိမ်းဆည်းရမိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြခဲ့သည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ ပြသထားစဥ်၊ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ ပြသထားစဥ်၊ ဓာတ်ပုံ – KNDF)

ယင်းတိုက်ပွဲ၌ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယနေ့နေ့လည်ပိုင်းကလည်း ဖရူဆိုမြို့နယ် ဒေါညေးခူရွာနှင့် ထီးပေါ့ဆို ရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့က ၂နာရီကျော်ကြာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ ပြသထားစဥ်၊ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ ပြသထားစဥ်၊ ဓာတ်ပုံ – KNDF)

တိုက်ပွဲများတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် လက်နက်ကြီးများအား အလွန်အကျွံ အသုံးပြု ပစ်ခက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သည် ဒီးမော့ဆို – ဖရူဆို လမ်းမကြီး တစ်လျှောက် စစ်ကြောင်းထိုးတပ်စွဲခြင်းများ လုပ်ဆောင်လျှက်ရှိပြီး နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားနေကြောင်း KNDFက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။