Connect with us

Hi, what are you looking for?

သတင်း

ကြားကာလ ဖက်ဒရယ်သူနာပြုနှင့် သားဖွားကောင်စီ (မြန်မာနိုင်ငံ)ဖွဲ့စည်း

ထို့အပြင် သူနာပြုနှင့်သားဖွားပညာရပ်ဆိုင်ရာများကို စဉ်ဆက်မပြတ်လေ့လာဆည်းပူးခြင်း လုပ်ငန်းစဉ်များအား ထိန်းသိမ်းမြှင့်တင်ပေးရန်၊ ကျင့်ဝတ်သိက္ခာများကို လိုက်နာစောင့်ထိန်းရေးအား ကြပ်မတ်ထိန်းသိမ်းရန်၊ပြည်သူလူထုအား တန်းတူညီမျှသော ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရေး အဆင့်ဆင့်ကြီးကြပ် ဆောင်ရွက်ရန်ဖြစ် သည်ဟု ဖော်ပြသည်။

ကြားကာလ ဖက်ဒရယ်သူနာပြုနှင့် သားဖွားကောင်စီ (မြန်မာနိုင်ငံ)ဖွဲ့စည်း
ကြားကာလ ဖက်ဒရယ်သူနာပြုနှင့် သားဖွားကောင်စီ (မြန်မာနိုင်ငံ)ဖွဲ့စည်း

ကြားကာလဖက်ဒရယ်သူနာပြုနှင့် သားဖွားကောင်စီ (မြန်မာနိုင်ငံ)ဖွဲ့စည်းလိုက်ကြောင်း ဖက်ဒရယ် ကျန်းမာ ရေးပညာရှင်များကောင်စီက ယနေ့(စက်တင်ဘာ ၄)အသိပေးထုတ်ပြန်သည်။

မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားများအတွက် လိုင် စင်ကိစ္စရပ်များအပါအဝင် သူနာပြု၊ သားဖွားရေးရာကိစ္စရပ်များကို တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးနိုင်ပါရန်နှင့် ဖက်ဒရယ် ကျန်းမာရေးပညာရှင်များကောင်စီ၏ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ပေးနိုင်ပါရန်ရည်ရွယ်၍ ဩဂုတ် ၈ ရက်တွင် စတင် ဖွဲ့စည်းခဲ့ကြောင်း ဖော်ပြသည်။

ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီ၏ ရည်ရွယ်ချက်များတွင် အချက် (၆)ချက်ပါဝင်ပြီးသူနာ ပြုနှင့်သားဖွားများအား ကာကွယ်မှုပေးနိုင်သော မူဝါဒများ၊ ဥပဒေများပြင်ဆင်ရေးဆွဲခြင်း၊ ဘွဲ့ဒီဂရီအလိုက်အသိအမှတ်ပြုလက်မှတ်များ၊ ထောက်ခံချက်များ၊ လုပ်ငန်းလိုင်စင်များထုတ်ပေးနိုင်ရေး စီစစ်၍ ဆောင် ရွက်ပေးရန်၊ သူနာပြုနှင့်သားဖွားပညာရပ်များကို နိုင်ငံ တကာစံညွှန်းများနှင့်အညီ မြှင့်တင်ဆောင်ရွက်ရန်တို့ ပါဝင်သည်။

ထို့အပြင် သူနာပြုနှင့်သားဖွားပညာရပ်ဆိုင်ရာများကို စဉ်ဆက်မပြတ်လေ့လာဆည်းပူးခြင်း လုပ်ငန်းစဉ်များအား ထိန်းသိမ်းမြှင့်တင်ပေးရန်၊ ကျင့်ဝတ်သိက္ခာများကို လိုက်နာစောင့်ထိန်းရေးအား ကြပ်မတ်ထိန်းသိမ်းရန်၊ပြည်သူလူထုအား တန်းတူညီမျှသော ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရေး အဆင့်ဆင့်ကြီးကြပ် ဆောင်ရွက်ရန်ဖြစ် သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ကြားကာလ ဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီအနေဖြင့် သူနာပြုနှင့်သားဖွားဆိုင်ရာ မူဝါဒများ၊ ဉပဒေများ ပြင်ဆင်ညှိနှိုင်းရေးဆွဲခြင်း၊ သူနာပြုနှင့်သားဖွားအင် အားစုအတွက် အချက်အလက်များ စစ်ဆေးခြင်း၊လိုင်စင်ကိစ္စရပ်များအတွက် သတင်းအချက်အလက်များ စီစစ်လက်ခံခြင်း၊ ပညာရပ်ဆိုင်ရာ အရည်အသွေးမြှင့်တင်မှု အကဲဖြတ်မှတ်တမ်းများ ပြင်ဆင်ဆောင်ရွက်ခြင်းတို့ကို ဆက်လက်လုပ်ကိုင်သွားမည်ဟု အသိပေးသည်။

အထက်ပါ ကြားကာလဖက်ဒရယ်သူနာ ပြုနှင့်သားဖွားကောင်စီ၏ဥက္ကဋ္ဌအဖြစ် ဖက်ဒရယ်ကျန်းမာ‌ရေးပညာ ရှင်များကောင်စီတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်နေသော သူနာပြုနှင့်သားဖွားကိုယ်စားလှယ် ဆရာမက ဆောင်ရွက်ပြီး ပြည်နယ်၊ တိုင်း‌ဒေသကြီး (၁၅)ခုမှ သူနာပြုနှင့်သားဖွားကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထား ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စစ်ကောင်စီရဲ့စစ်သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ကိုကြိုဆိုထောက်ခံကြောင်းနဲ့ စစ်အုပ်စုရဲ့ရွေးကောက်ပွဲက သမ္မတအတုဆိုတာကို လက်မခံကြောင်းကန့်ကွက်ဆန္ဒပြပွဲကို ဒီကနေ့ (ဧပြီ ၁၉)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်တွေကိုစစ်ရေးအရဖိအားပေးတိုက်ခိုက်မှု အပါအဝင် စစ်ရေးနဲ့နိုင်ငံရေး ယှဉ်တွဲပြီး နိုင်ငံ တည်ဆောက်မယ်လို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အတွင်း​ရေးမှူးအဖွဲ့ဝင်​တွေက ပြောကြားလိုက်ပြီး ဒီလိုဆောင်ရွက်ရာမှာ အဖွဲ့ဝင်တွေ တိုးလာရေး၊ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းနှစ်ခုနဲ့ လုပ်ဆောင်မယ်လို့အသိပေးပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေးကို ဧပြီ ၁၀ရက် ညနေပိုင်းမှာ ကျင်းပခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တွေအတွက်သဘောတူညီမှုတွေချမှတ်နိုင်ခဲ့​ကြောင်း ကောင်စီဝင် အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ပါတယ်။