Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကြားကာလ ဖက်ဒရယ်သူနာပြုနှင့် သားဖွားကောင်စီ (မြန်မာနိုင်ငံ)ဖွဲ့စည်း

ထို့အပြင် သူနာပြုနှင့်သားဖွားပညာရပ်ဆိုင်ရာများကို စဉ်ဆက်မပြတ်လေ့လာဆည်းပူးခြင်း လုပ်ငန်းစဉ်များအား ထိန်းသိမ်းမြှင့်တင်ပေးရန်၊ ကျင့်ဝတ်သိက္ခာများကို လိုက်နာစောင့်ထိန်းရေးအား ကြပ်မတ်ထိန်းသိမ်းရန်၊ပြည်သူလူထုအား တန်းတူညီမျှသော ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရေး အဆင့်ဆင့်ကြီးကြပ် ဆောင်ရွက်ရန်ဖြစ် သည်ဟု ဖော်ပြသည်။

ကြားကာလ ဖက်ဒရယ်သူနာပြုနှင့် သားဖွားကောင်စီ (မြန်မာနိုင်ငံ)ဖွဲ့စည်း
ကြားကာလ ဖက်ဒရယ်သူနာပြုနှင့် သားဖွားကောင်စီ (မြန်မာနိုင်ငံ)ဖွဲ့စည်း

ကြားကာလဖက်ဒရယ်သူနာပြုနှင့် သားဖွားကောင်စီ (မြန်မာနိုင်ငံ)ဖွဲ့စည်းလိုက်ကြောင်း ဖက်ဒရယ် ကျန်းမာ ရေးပညာရှင်များကောင်စီက ယနေ့(စက်တင်ဘာ ၄)အသိပေးထုတ်ပြန်သည်။

မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားများအတွက် လိုင် စင်ကိစ္စရပ်များအပါအဝင် သူနာပြု၊ သားဖွားရေးရာကိစ္စရပ်များကို တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးနိုင်ပါရန်နှင့် ဖက်ဒရယ် ကျန်းမာရေးပညာရှင်များကောင်စီ၏ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ပေးနိုင်ပါရန်ရည်ရွယ်၍ ဩဂုတ် ၈ ရက်တွင် စတင် ဖွဲ့စည်းခဲ့ကြောင်း ဖော်ပြသည်။

ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီ၏ ရည်ရွယ်ချက်များတွင် အချက် (၆)ချက်ပါဝင်ပြီးသူနာ ပြုနှင့်သားဖွားများအား ကာကွယ်မှုပေးနိုင်သော မူဝါဒများ၊ ဥပဒေများပြင်ဆင်ရေးဆွဲခြင်း၊ ဘွဲ့ဒီဂရီအလိုက်အသိအမှတ်ပြုလက်မှတ်များ၊ ထောက်ခံချက်များ၊ လုပ်ငန်းလိုင်စင်များထုတ်ပေးနိုင်ရေး စီစစ်၍ ဆောင် ရွက်ပေးရန်၊ သူနာပြုနှင့်သားဖွားပညာရပ်များကို နိုင်ငံ တကာစံညွှန်းများနှင့်အညီ မြှင့်တင်ဆောင်ရွက်ရန်တို့ ပါဝင်သည်။

ထို့အပြင် သူနာပြုနှင့်သားဖွားပညာရပ်ဆိုင်ရာများကို စဉ်ဆက်မပြတ်လေ့လာဆည်းပူးခြင်း လုပ်ငန်းစဉ်များအား ထိန်းသိမ်းမြှင့်တင်ပေးရန်၊ ကျင့်ဝတ်သိက္ခာများကို လိုက်နာစောင့်ထိန်းရေးအား ကြပ်မတ်ထိန်းသိမ်းရန်၊ပြည်သူလူထုအား တန်းတူညီမျှသော ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရေး အဆင့်ဆင့်ကြီးကြပ် ဆောင်ရွက်ရန်ဖြစ် သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ကြားကာလ ဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီအနေဖြင့် သူနာပြုနှင့်သားဖွားဆိုင်ရာ မူဝါဒများ၊ ဉပဒေများ ပြင်ဆင်ညှိနှိုင်းရေးဆွဲခြင်း၊ သူနာပြုနှင့်သားဖွားအင် အားစုအတွက် အချက်အလက်များ စစ်ဆေးခြင်း၊လိုင်စင်ကိစ္စရပ်များအတွက် သတင်းအချက်အလက်များ စီစစ်လက်ခံခြင်း၊ ပညာရပ်ဆိုင်ရာ အရည်အသွေးမြှင့်တင်မှု အကဲဖြတ်မှတ်တမ်းများ ပြင်ဆင်ဆောင်ရွက်ခြင်းတို့ကို ဆက်လက်လုပ်ကိုင်သွားမည်ဟု အသိပေးသည်။

အထက်ပါ ကြားကာလဖက်ဒရယ်သူနာ ပြုနှင့်သားဖွားကောင်စီ၏ဥက္ကဋ္ဌအဖြစ် ဖက်ဒရယ်ကျန်းမာ‌ရေးပညာ ရှင်များကောင်စီတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်နေသော သူနာပြုနှင့်သားဖွားကိုယ်စားလှယ် ဆရာမက ဆောင်ရွက်ပြီး ပြည်နယ်၊ တိုင်း‌ဒေသကြီး (၁၅)ခုမှ သူနာပြုနှင့်သားဖွားကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထား ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အထူးသဖြင့် နိုင်ငံရေးအရ စုပေါင်းအင်အားစုများကို တည်ဆောက်ရာတွင် သက်ဆိုင်ရာ နိုင်ငံရေး အင်အားစုများနှင့် အကျယ်ပြန့်ဆုံး ပေါင်းစပ် လုပ်ဆောင်ကြရန် အထူးအရေးကြီးကြောင်း NUG ယာယီသမ္မတက တိုက်တွန်းသည်။

နိုင်ငံတကာ

လတ်ဘီရဲ့ အမှုအတွက် တရားရုံးက စီရင်ချက်ချဖို့ ပြင်ဆင်နေတဲ့တိုင် ဗြိတိန် ရဲတပ်ဖွဲ့ကတော့ သူ့ရဲ့ နောက်ကြောင်းကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး လီဗာပူးမြို့မှာ အလုပ်သင် သူနာပြုအဖြစ် တာဝန်ထမ်းဆောင်ခဲ့တုန်းကရော အလားတူ ပြစ်မှုတွေ ကျူးလွန်တာမျိုး ရှိသလား ဆိုတာကို ဆက်လက် စုံစမ်းနေဆဲလို့ သိရပါတယ်။

သတင်း

စစ်ကောင်စီ၏ ငွေစက္ကူအသစ်ရိုက်နှိပ်သည့် ဂယက်ကြောင့် ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များအပါအဝင် စက်သုံးဆီဈေး၊ ရွှေဈေးနှင့်ဒေါ်လာဈေးများ တရှိန်ထိုးမြှင့်တက်ခဲ့သည်။

သတင်း

NUG၏ ကြားကာလဗဟိုဘဏ် ဥက္ကဌဖြစ်သူစီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ယနေ့ရက်စွဲဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်လိုက်ခြင်းဖြစ်သည်။