Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကပစ်တဲ့လက်နက်ကြီး ဘုန်းကြီးကျောင်းဝင်းထဲကျပြီး နှစ်ဦးဒဏ်ရာရ

အဲ့ဒီပစ်ခတ်မှုဖြစ်စဉ်မှာတော့ စစ်ကောင်စီတပ်ဘက်က တပ်ခွဲမှူးအပါအဝင် သုံးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ မြေပြင်သတင်းပေးပို့ချက်အရ သိရပါတယ်။

စစ်တပ်ကပစ်တဲ့လက်နက်ကြီး ဘုန်းကြီးကျောင်းဝင်းထဲကျပြီး နှစ်ဦးဒဏ်ရာရ
စစ်တပ်ကပစ်တဲ့လက်နက်ကြီး ဘုန်းကြီးကျောင်းဝင်းထဲကျပြီး နှစ်ဦးဒဏ်ရာရ

ကျုံဒိုးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးတစ်ပါးအပါအဝင် နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလေးရက်နေ့ နေ့လည်တစ်နာရီအချိန်ခန့်က ကေအဲန်ယူ-ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် တောင်ကြာအင်းနဲ့ မြောက်ကြာအင်းကျေးရွာမှာ စစ်ကောင်စီရဲ့ တပ်မ(၂၂)နဲ့ KNDO တပ်ရင်း(၆) ဂဠုန်စစ်ကြောင်းတို့အကြား ပစ်ခတ်မှုဖြစ်ပွါးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီပစ်ခတ်မှုဖြစ်စဉ်မှာတော့ စစ်ကောင်စီတပ်ဘက်က တပ်ခွဲမှူးအပါအဝင် သုံးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ မြေပြင်သတင်းပေးပို့ချက်အရ သိရပါတယ်။

Public Service Announcement
Public Service Announcement

ပစ်ခတ်မှု​ဖြစ်ပွါးပြီးတဲ့ မွန်းလွဲနှစ်နာရီခွဲခန့်မှာ စစ်ကောင်စီရဲ့ တပ်မ(၂၂)တပ်က အင်အား(၅၀)ခန့်ဟာ မြောက်ကြာအင်းကျေးရွာမှာ ထပ်တိုးလာပြီး လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဘုန်ကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲကာ ဘုန်းကြီးတစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ကော့ဖေါင်းကျေးရွာနေ အမျိုးသားတစ်ဦးမှာလည်း ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုတော့ နီးစပ်ရာဆေးခန်းကို ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။

ဒီလို စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် တောင်ကြာအင်းကျေးရွာရဲ့ လူငယ်ခန်းမဆောင်နဲ့ နေအိမ်တစ်လုံးလည်း ထိမှန်ပျက်စီးသွားခဲ့ပြီး တောင်ကြာအင်ကျေးရွာက ရွာသူရွာသားတွေဟာ ဘေးလွတ်ရာကို ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒူးပလာယာခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook