Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်နယ် မောင်းထောင်ရွာကို စစ်ကောင်စီတပ် မီးဝင်ရှိူ့ပြီး ဒေသခံပြည်သူသုံးဦးကို သတ်ဖြတ်

မနက်က မောင်းထောင် မီးရှို့အင်အား ၁၅ဦးလောက်ရှိတယ်။ စစ်ကူကတော့ စစ်ကား၃စီး အင်အားအပြည့်ဖြစ်ပါတယ်။”ဟု နယ်ခံတစ်ဦးက ပြောသည်။

ဘုတလင်နယ်
ဘုတလင်နယ်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်ရှိ မောင်းထောင်ကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက် အကြမ်းဖက်မီးရှို့၍ နေအိမ်၂ဝခန့် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ သုံးဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (စက်တင်ဘာလ ၅ ရက်) နံနက်ပိုင်းက ဘုတလင်မြို့နယ်၊ မောင်းထောင်ကျေးရွာကို စစ်ကောင်စီတပ်များက ဝင်ရောက်မီးရှို့ရာတွင် နေအိမ် ၂၀မီးလောင်ပြီး ပြည်သူသုံးဦးအသတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၁၇ ရက်ကလည်း ဘုတလင်မြို့နယ် အနောက်ဇီးတောရွာသို့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူနှစ်ဦး ထိမှန်၍ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။

“ဘုတလင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ပျူများဟာ မင်းကင်းပန်းဆက်က ပျူများ ဖြစ်ပါတယ်။ ကလိမ်ကကျစ်အကျဆုံးဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မနက်က မောင်းထောင် မီးရှို့အင်အား ၁၅ဦးလောက်ရှိတယ်။ စစ်ကူကတော့ စစ်ကား၃စီး အင်အားအပြည့်ဖြစ်ပါတယ်။”ဟု နယ်ခံတစ်ဦးက ပြောသည်။

ဘုတလင်မြို့နယ်တွင် မင်းကင်းနယ်မှတစ်ဆင့် စစ်ကောင်စီတပ်နှင့်ပျူများ စစ်ကြောင်းထိုးဖျက် ဆီးမှုများ ပြုလုပ်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။

သတင်း

ဇူလိုင် ၂၆၊ ၂၀၂၆။People’s Spring ဘုတလင်မြို့နယ်မှာ ကျောင်းသားသမဂ္ဂရုံးခန်း စီးနင်းခံရပြီး ဗကသရဲဘော် ၃ဦး သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဥ် (၃)နှစ်ပြည့်အနေနဲ့ စစ် အာဏာရှင် စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၃ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းက ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့...