Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုမြို့နယ်မှစစ်တပ်နှင့်ပျူစခန်းချရာနေရာကိုPDFက ပစ်ခတ်တိုက်ခိုက်

အချိန်တစ်နာရီခွဲကြာ ပစ်ခတ်တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်နှင့်ပျူများ ထိခိုက်သေဆုံးမှုရှိနိုင်​သော်လည်းအတည်မပြုနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုက အသိပေးသည်။

(​ရေစကြိုPDF အပါအဝင် ​ရေလယ်ကျွန်း​ဒေသမှမဟာမိတ် PDFတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-​ရေစကြိုPDF)
(​ရေစကြိုPDF အပါအဝင် ​ရေလယ်ကျွန်း​ဒေသမှမဟာမိတ် PDFတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-​ရေစကြိုPDF)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးတောရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျူ​စောထီးစခန်းချရာနေရာအားယမန်နေ့ညက​ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ကပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသအား စစ်ကြောင်း ( ၄) ကြောင်းဖြင့် အကြမ်းဖက်စစ်ကြောင်းထိုးနေချိန်တွင်ယမန်နေ့(စက်တင်ဘာလ၆ရက် )ည၇နာရီခန့်ကစစ်ကောင်စီတပ်တပ်စွဲထားသော ဇီးတောရွာအားလက်နက်ကြီးလက်နက်ငယ်များဖြင့်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုက သတင်းထုတ်ပြန်သည်။

အချိန်တစ်နာရီခွဲကြာ ပစ်ခတ်တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်နှင့်ပျူများ ထိခိုက်သေဆုံးမှုရှိနိုင်​သော်လည်းအတည်မပြုနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုက အသိပေးသည်။

“ညနေကတည်းက အသံတွေကြားနေရတယ်။ တော်တော်ကြာတယ်။”ဟု ရေစကြိုဒေသခံတစ်ဦးကလည်းပြောသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ ပြည်သူကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်များသည် စက်တင်ဘာလဆန်းတွင် ရေစကြိုရေလယ်ကျွန်းဒေသအား တကျော့ပြန် ပြန်လည်စစ်ကြောင်းထိုး မီးရှို့အကြမ်းဖက် ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ရွာလေးရွာထက်မနည်း မီးရှို့ဖျက်ဆီးခြင်းခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။