Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ်မှစစ်တပ်နှင့်ပျူစခန်းချရာနေရာကိုPDFက ပစ်ခတ်တိုက်ခိုက်

အချိန်တစ်နာရီခွဲကြာ ပစ်ခတ်တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်နှင့်ပျူများ ထိခိုက်သေဆုံးမှုရှိနိုင်​သော်လည်းအတည်မပြုနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုက အသိပေးသည်။

(​ရေစကြိုPDF အပါအဝင် ​ရေလယ်ကျွန်း​ဒေသမှမဟာမိတ် PDFတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-​ရေစကြိုPDF)
(​ရေစကြိုPDF အပါအဝင် ​ရေလယ်ကျွန်း​ဒေသမှမဟာမိတ် PDFတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-​ရေစကြိုPDF)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးတောရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျူ​စောထီးစခန်းချရာနေရာအားယမန်နေ့ညက​ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ကပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသအား စစ်ကြောင်း ( ၄) ကြောင်းဖြင့် အကြမ်းဖက်စစ်ကြောင်းထိုးနေချိန်တွင်ယမန်နေ့(စက်တင်ဘာလ၆ရက် )ည၇နာရီခန့်ကစစ်ကောင်စီတပ်တပ်စွဲထားသော ဇီးတောရွာအားလက်နက်ကြီးလက်နက်ငယ်များဖြင့်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုက သတင်းထုတ်ပြန်သည်။

အချိန်တစ်နာရီခွဲကြာ ပစ်ခတ်တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်နှင့်ပျူများ ထိခိုက်သေဆုံးမှုရှိနိုင်​သော်လည်းအတည်မပြုနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုက အသိပေးသည်။

“ညနေကတည်းက အသံတွေကြားနေရတယ်။ တော်တော်ကြာတယ်။”ဟု ရေစကြိုဒေသခံတစ်ဦးကလည်းပြောသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ ပြည်သူကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်များသည် စက်တင်ဘာလဆန်းတွင် ရေစကြိုရေလယ်ကျွန်းဒေသအား တကျော့ပြန် ပြန်လည်စစ်ကြောင်းထိုး မီးရှို့အကြမ်းဖက် ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ရွာလေးရွာထက်မနည်း မီးရှို့ဖျက်ဆီးခြင်းခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။