Connect with us

Hi, what are you looking for?

သတင်း

သထုံမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို KNU ပူးပေါင်းတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်၊ ကား နှစ်စီး ပျက်စီး

စစ်‌ကောင်စီတိုင်းမှူးပါဝင်သောယာဉ်တန်းဖြစ်ကြောင်းသတင်းအတိအကျရထား၍ ဝေဟင်၊မြေပြင်ပူးပေါင်းတိုက်ခိုက်ရန် အသင့်ကြိုတင်စောင့်ဆိုင်းခဲ့သော်လည်း ဆိုးရွားသောရာသီဥတုကြောင့် ဝေဟင်စစ်ဆင်ရေးကိုမူဖျက်သိမ်းခဲ့ရကြောင်း၊

(KNU နှင့်HRS ပူး​ပေါင်းတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-HRS)
(KNU နှင့်HRS ပူး​ပေါင်းတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-HRS)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေမွန်ပြည်နယ် သထုံမြို့နယ် ရန်ကုန်- မော်လမြိုင် အဝေးပြေးကားလမ်း တစ်နေရာတွင် စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်မှုတွင် ပါဝင်သည့် Hawk Revolutionary Squad(HRS) မှတာဝန်ရှိသူက​ပြောသည်။

စက်တင်ဘာ ၅ရက် နံနက် အစောပိုင်းတွင် စစ်ကောင်စီ၏ တိုင်းမှူးလိုက်ပါလာသည်ဟု သတင်းရရှိထားသည့် စစ်ယာဉ်တန်းကို KNU/KNLAတပ်မဟာ၁၊တပ်ရင်း၂၊တပ်ခွဲ၃ နှင့် HRS ပူးပေါင်းစစ်ကြောင်းမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။ မည်သည့် တိုင်းမှူး ပါသည်ဆိုသည်ကို ဖော်ပြမထားသော်လည်း မော်လမြိုင် အခြေစိုက် တိုင်းစစ်ဌာနချုပ်မှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဖြစ်သည်။

စစ်‌ကောင်စီတိုင်းမှူးပါဝင်သောယာဉ်တန်းဖြစ်ကြောင်းသတင်းအတိအကျရထား၍ ဝေဟင်၊မြေပြင်ပူးပေါင်းတိုက်ခိုက်ရန် အသင့်ကြိုတင်စောင့်ဆိုင်းခဲ့သော်လည်း ဆိုးရွားသောရာသီဥတုကြောင့် ဝေဟင်စစ်ဆင်ရေးကိုမူဖျက်သိမ်းခဲ့ရကြောင်း၊

၄၀ မမ နှင့် လက်နက်ငယ်များဖြင့်သာပစ်ခတ်တိုက်ခိုက်ခဲ့ရကြောင်း ထုတ်ပြန်ကာ တိုက်ခိုက်မှု ကြောင့် စစ်ကောင်စီ ကား ၂စီး လုံး၀ ပျက်စီးခဲ့သည်ဟု အသိ​ပေးသည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးကမူ တိုက်ခိုက်မှုကို အတည်ပြုဖြေကြားသော်လည်း ယင်းစစ်ယာဉ်တန်း၌ တိုင်းမှူး ပါ၊မပါကို အတည်မပြနိုင်ဟု ပြောကြားသည်။

“ အဲဒီဟာက ဟုတ်တယ်။ ထိခိုက်မှု အတိအကျမသိဘူး သူက ညဘက်ဖြစ်နေတာကိုး။ ကားကတော့ ၂စီးတော့ ပျက်သွားတယ်။ ညတွင်းချင်းပဲ သူတို့တွေ စစ်တပ်ကနေ လာပြီး ဆွဲထုတ်သွားတယ် အဲဒီကားတွေကို” ဟု တပ်မဟာ(၁) တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကားပျက်စီးသည်အထိ တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိမည်ဟု ၎င်းက ဆက်​ပြောသည်။

“ကားကိုလည်း မိုင်းနဲ့ဆွဲတယ်။ နောက်ပြီးတော့ RPGတို့နဲ့လည်းပစ်တယ်ပြောတယ်” ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

HRS မှတာဝန်ရှိသူတစ်ဦးကလည်း”‌စကစဘက်က သေဆုံးမှုရှိတယ်လို့သိရပေမယ့် အရေအတွက်တော့အတိအကျအတည်ပြုလို့မရေပါခင်ဗျာ။အနည်းဆုံး ၁၀အထက်ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရပ်တယ် စကစဘက်က။ကျွန်​တော်တို့KNLA၊HRSပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုတစ်စုံတစ်ရာမရှိပါခင်ဗျ”ဟု​ပြောသည်။

တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်မှု၊ ခြုံခိုတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ စစ်ကောင်စီအနေဖြင့် သွာလရေး၊ ထောက်ပံ့ပို့ဆောင်ရေး ကိစ္စများပင် လုပ်ဆောင်ရန် အခက်အခဲရှိနေသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

Facebook