Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားတစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်သည် ဇွန်လ ၂၅ရက်ကလည်းအဆိုပါဒေသရှိ ထုံးဘိုလေးကျေးရွာအား မီးရှို့ဖျတ်ဆီး ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ် ခတ်ခြင်းများကြောင့် ထုံးဘိုလေးရွာနှင့် အနီးတစ်ဝိုက်ရှိ ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဆိုသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် သထုံမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားပြည်သူ တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

ဇူလိုင်၂၉ရက် နံနက် ၇ နာရီခွဲခန့်က စစ်ကောင်စီ ၏ ပိန္နဲတောတပ်စခန်းမှ လက်နက်ကြီး ၇လုံးပစ် ခတ်ခဲ့ရာ သထုံမြို့နယ် မင်းလွင်ကျေးနယ်၊ ထီးညာလူကျေးရွာ အတွင်းသို့ နှစ်လုံးကျရောက်ပေါက်ပွဲပြီး အသက် (၄၈)နှစ်အရွယ် အမျိုးသမီး တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ထို့ပြင် အသက်ဆုံးရှုံးခဲ့ရသည့် နော်ကပေါ်ထူး ၏ သမီးဖြစ်သူ နော်ထွေးထွေးအေးနှင့် ထီးညာလူရွာသား တီးအောင်ဇေယျတို့မှာလည်း လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

နော်ထွေးထွေးအေးမှာ အသက် (၁၅)နှစ်သာရှိသေးပြီး ဘယ်ခြေနှင့် ဘယ်လက်တို့အား လက်နက်ကြီးစထိမှန်ခဲ့ကာ အသက် ၆၆ နှစ်အရွယ် တီးအောင်ဇေယျ မှာလည်း လက်နက်ကြီးစထိမှန်ခဲ့၍ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဇွန်လ ၂၅ရက်ကလည်းအဆိုပါဒေသရှိ ထုံးဘိုလေးကျေးရွာအား မီးရှို့ဖျတ်ဆီး ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ် ခတ်ခြင်းများကြောင့် ထုံးဘိုလေးရွာနှင့် အနီးတစ်ဝိုက်ရှိ ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။