Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သထုံမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို KNU ပူးပေါင်းတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်၊ ကား နှစ်စီး ပျက်စီး

စစ်‌ကောင်စီတိုင်းမှူးပါဝင်သောယာဉ်တန်းဖြစ်ကြောင်းသတင်းအတိအကျရထား၍ ဝေဟင်၊မြေပြင်ပူးပေါင်းတိုက်ခိုက်ရန် အသင့်ကြိုတင်စောင့်ဆိုင်းခဲ့သော်လည်း ဆိုးရွားသောရာသီဥတုကြောင့် ဝေဟင်စစ်ဆင်ရေးကိုမူဖျက်သိမ်းခဲ့ရကြောင်း၊

(KNU နှင့်HRS ပူး​ပေါင်းတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-HRS)
(KNU နှင့်HRS ပူး​ပေါင်းတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-HRS)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေမွန်ပြည်နယ် သထုံမြို့နယ် ရန်ကုန်- မော်လမြိုင် အဝေးပြေးကားလမ်း တစ်နေရာတွင် စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်မှုတွင် ပါဝင်သည့် Hawk Revolutionary Squad(HRS) မှတာဝန်ရှိသူက​ပြောသည်။

စက်တင်ဘာ ၅ရက် နံနက် အစောပိုင်းတွင် စစ်ကောင်စီ၏ တိုင်းမှူးလိုက်ပါလာသည်ဟု သတင်းရရှိထားသည့် စစ်ယာဉ်တန်းကို KNU/KNLAတပ်မဟာ၁၊တပ်ရင်း၂၊တပ်ခွဲ၃ နှင့် HRS ပူးပေါင်းစစ်ကြောင်းမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။ မည်သည့် တိုင်းမှူး ပါသည်ဆိုသည်ကို ဖော်ပြမထားသော်လည်း မော်လမြိုင် အခြေစိုက် တိုင်းစစ်ဌာနချုပ်မှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဖြစ်သည်။

စစ်‌ကောင်စီတိုင်းမှူးပါဝင်သောယာဉ်တန်းဖြစ်ကြောင်းသတင်းအတိအကျရထား၍ ဝေဟင်၊မြေပြင်ပူးပေါင်းတိုက်ခိုက်ရန် အသင့်ကြိုတင်စောင့်ဆိုင်းခဲ့သော်လည်း ဆိုးရွားသောရာသီဥတုကြောင့် ဝေဟင်စစ်ဆင်ရေးကိုမူဖျက်သိမ်းခဲ့ရကြောင်း၊

၄၀ မမ နှင့် လက်နက်ငယ်များဖြင့်သာပစ်ခတ်တိုက်ခိုက်ခဲ့ရကြောင်း ထုတ်ပြန်ကာ တိုက်ခိုက်မှု ကြောင့် စစ်ကောင်စီ ကား ၂စီး လုံး၀ ပျက်စီးခဲ့သည်ဟု အသိ​ပေးသည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးကမူ တိုက်ခိုက်မှုကို အတည်ပြုဖြေကြားသော်လည်း ယင်းစစ်ယာဉ်တန်း၌ တိုင်းမှူး ပါ၊မပါကို အတည်မပြနိုင်ဟု ပြောကြားသည်။

“ အဲဒီဟာက ဟုတ်တယ်။ ထိခိုက်မှု အတိအကျမသိဘူး သူက ညဘက်ဖြစ်နေတာကိုး။ ကားကတော့ ၂စီးတော့ ပျက်သွားတယ်။ ညတွင်းချင်းပဲ သူတို့တွေ စစ်တပ်ကနေ လာပြီး ဆွဲထုတ်သွားတယ် အဲဒီကားတွေကို” ဟု တပ်မဟာ(၁) တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကားပျက်စီးသည်အထိ တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိမည်ဟု ၎င်းက ဆက်​ပြောသည်။

“ကားကိုလည်း မိုင်းနဲ့ဆွဲတယ်။ နောက်ပြီးတော့ RPGတို့နဲ့လည်းပစ်တယ်ပြောတယ်” ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

HRS မှတာဝန်ရှိသူတစ်ဦးကလည်း”‌စကစဘက်က သေဆုံးမှုရှိတယ်လို့သိရပေမယ့် အရေအတွက်တော့အတိအကျအတည်ပြုလို့မရေပါခင်ဗျာ။အနည်းဆုံး ၁၀အထက်ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရပ်တယ် စကစဘက်က။ကျွန်​တော်တို့KNLA၊HRSပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုတစ်စုံတစ်ရာမရှိပါခင်ဗျ”ဟု​ပြောသည်။

တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်မှု၊ ခြုံခိုတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ စစ်ကောင်စီအနေဖြင့် သွာလရေး၊ ထောက်ပံ့ပို့ဆောင်ရေး ကိစ္စများပင် လုပ်ဆောင်ရန် အခက်အခဲရှိနေသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။