Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရေးကြီး ရာထူးတွေမှာ လူဖြူ အမျိုးသားတွေ ပါမလာတော့တဲ့ ဗြိတိန် အစိုးရသစ်

အစိုးရသစ်မှာ ဝန်ကြီးချုပ်ရော၊ ဒုတိယ ဝန်ကြီးချုပ်ပါ လူဖြူတွေ ဖြစ်ကြပေမယ့် နှစ်ယောက်စလုံး အမျိုးသမီးတွေပါ။ ထရက်စ်ရဲ့ အစိုးရ အဖွဲ့မှာ ထရေဆာ ကော့ဖေးက ဒုတိယ ဝန်ကြီးချုပ် အနေနဲ့ရော၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေး ဝန်ကြီးအဖြစ်ပါ ပူးတွဲ တာဝန်ယူသွားမှာပါ။

အရေးကြီး ရာထူးတွေမှာ လူဖြူ အမျိုးသားတွေ ပါမလာတော့တဲ့ ဗြိတိန် အစိုးရသစ်
အရေးကြီး ရာထူးတွေမှာ လူဖြူ အမျိုးသားတွေ ပါမလာတော့တဲ့ ဗြိတိန် အစိုးရသစ်

အရေးအပါဆုံး ဝန်ကြီးနေရာတွေမှာ လူဖြူ အမျိုးသား တစ်ယောက်မှ မပါတဲ့ အစိုးရ အဖွဲ့ကို ဗြိတိန် ဝန်ကြီးချုပ်သစ် လစ်ဇ်ထရက်စ်က ရွေးချယ် ဖွဲ့စည်းလိုက်ပါတယ်။ ဗြိတိန်နိုင်ငံ သမိုင်းမှာတော့ အဓိက ဝန်ကြီးနေရာ ၄ ခုစလုံး လူဖြူ အမျိူးသားတွေ မပါတဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အစိုးရသစ်မှာ ဝန်ကြီးချုပ်ရော၊ ဒုတိယ ဝန်ကြီးချုပ်ပါ လူဖြူတွေ ဖြစ်ကြပေမယ့် နှစ်ယောက်စလုံး အမျိုးသမီးတွေပါ။ ထရက်စ်ရဲ့ အစိုးရ အဖွဲ့မှာ ထရေဆာ ကော့ဖေးက ဒုတိယ ဝန်ကြီးချုပ် အနေနဲ့ရော၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေး ဝန်ကြီးအဖြစ်ပါ ပူးတွဲ တာဝန်ယူသွားမှာပါ။

ထရက်စ်ဟာ ကွာစီကွာတန်ကို ဗြိတိန်နိုင်ငံရဲ့ ပထမဆုံး လူမည်း ဘဏ္ဍာရေး ဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပါတယ်။ ကွာတန်ရဲ့ မိဘတွေဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းက ဂါနာကနေ ဗြိတိန်ကို ပြောင်းရွှေ့ အခြေစိုက်ခဲ့ကြပါတယ်။ ဂျိမ်းစ်ကလီဗာလေကတော့ ဗြိတိန်မှာ ပထမဆုံး လူမည်းသွေးပါတဲ့ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာပါတယ်။ သူကတော့ ဆီရာလီယွန်သူ မိခင်နဲ့ လူဖြူ ဖခင်တို့ကနေ မွေးဖွားခဲ့တာပါ။

မိဘတွေက ကင်ညာနဲ့ မော်ရေးရှားစ် နိုင်ငံတွေကနေ ရွှေ့ပြောင်းလာပြီး ဗြိတိန်မှာ အခြေချခဲ့ကြတဲ့ ဆူလာ ဘရေ့ဗ်မန်းကတော့ ပြည်ထဲရေး ဝန်ကြီး ဖြစ်လာပါတယ်။ ရဲတပ်ဖွဲ့နဲ့ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ဌာနတွေကို အဓိက ကိုင်တွယ်ရမယ့် အမျိုးသမီးဟာ ဒီရာထူးကို တာဝန်ယူတဲ့ ဒုတိယမြောက် အာဖရိကန်နွယ်ဖွားအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကွန်ဆာဗေးတစ် ပါတီဟာ လိင်ကွဲပြားမှုနဲ့ အသားအရောင် ကွဲပြားစုံလင်မှုကို ပိုမို ပွင့်လင်း လက်ခံတဲ့ မူဝါဒမျိုးကို ကျင့်သုံးလာပြီး ထရက်စ်ရဲ့ အစိုးရအဖွဲ့ ရွေးချယ်မှုဟာ ဒီရည်မှန်းချက်ကို မြင်သာ ထင်ဟပ်စေပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆန်ရဲ့ နေရာကို ဆက်ခံဖို့ ပါတီ အကြီးအကဲ ရာထူးအတွက် ထရက်စ်နဲ့အပြိုင် ဖြစ်ခဲ့တဲ့ ရီရှီဆူနက်ခ် ဆိုရင်လည်း အိန္ဒိယနွယ်ဖွား တစ်ဦးပါ။

မျက်မှောက်ခေတ် ဗြိတိန်နိုင်ငံရေး နယ်ပယ်မှာ အသွေးအရောင် ကွဲပြားစုံလင်မှုဟာ ပုံမှန် အခြေအနေ တစ်ခု ဖြစ်နေပြီလို့ ထရက်စ်က ဆိုပါတယ်။ အသက် ၄၇ နှစ်အရွယ် ထရက်စ်ဟာ ကွန်ဆာဗေးတစ် ပါတီရဲ့ အကြီးအကဲသစ် ဖြစ်လာတဲ့နောက် စက်တင်ဘာ ၇ ရက်မှာ ဘုရင်မကြီး အဲလိဇဘက်သ်က ဝန်ကြီးချုပ် ရာထူး တရားဝင် အပ်နှင်းပေးခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အသက် ၁၆ နှစ်အရွယ် ကလေးတွေကို လူမှုကွန်ရက် မီဒီယာ အသုံးပြုခွင့် ပိတ်ပင်မယ့်အကြောင်း ဗြိတိန် အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ သမုဒ္ဒရာ အလယ်မှာ တည်ရှိပြီး ဗြိတိန် အစိုးရက လက်လွှတ်ဖို့ စီစဉ်နေတဲ့ ကျွန်းစုတစ်ခုကို အမေရိကန် အစိုးရက ဝယ်ယူဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

လေ့ကျင့်ပျံသန်းရင်း ဗြိတိန် တော်ဝင်ရေတပ် ရဟတ်ယာဉ် ပျက်ကျခဲ့တာကြောင့် ၃ ဦး သေဆုံးခဲ့ပါတယ်။