Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီပိုင်ယာဥ်လိုင်းများကို တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများအနေဖြင့် အဆိုပါယာဥ်လိုင်းများ လိုက်ပါစီးနင်းခြင်းမပြုရန် စစ်ကိုင်း PDF သတိ​ပေး

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်များအား လမ်းတစ် လျှောက်ရှိ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

(စစ်ကောင်စီ၏ ဦးပိုင်ကုမ္ပဏီပိုင် ရွှေမန်းသူခရီးသည်တင်ယာဥ်တစ်စီးအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(စစ်ကောင်စီ၏ ဦးပိုင်ကုမ္ပဏီပိုင် ရွှေမန်းသူခရီးသည်တင်ယာဥ်တစ်စီးအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းတွင် စစ်ကောင်စီပိုင်ယာဥ်လိုင်းများကိုပါ တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများအနေဖြင့် အဆိုပါယာဥ်လိုင်းများအား လိုက်ပါစီးနင်းခြင်းမပြုရန် စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးသည်။

မန္တလေး – မုံရွာခရီးစဥ်တွင် ခရီးသွားပြည်သူများအနေဖြင့် စစ်ကောင်စီ၏ စီးပွားရေး ဦးပိုင်လိမီတက်ပိုင် ရွှေမန်းသူယာဥ်လိုင်း၊ ရှမ်းမလေးယာဥ်လိုင်းများဖြင့် လိုက်ပါစီးနင်းခြင်းမပြုရန် မေတ္တာရပ်ခံသတိပေးကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့ (စက်တင်ဘာ ၈ ရက်) ထုတ်ပြန်သည်။

၎င်းကားများ ခရီးစဥ်လမ်းကြောပေါ်သို့ ရောက်ရှိလာပါက မဟာမိတ်တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်သွားမည်ဖြစ်ကြောင်း PDF စစ်ကိုင်းက သတိပေးသည်။

အဆိုပါ ယာဥ်များဖြင့် မန္တလေး – မုံရွာခရီးစဥ်အား လိုက်ပါစီးနင်းလာပါက တာဝန်ယူမည်မဟုတ်ကြောင်း၊ စီးနင်းသူ၏ တာဝန်သာဖြစ်ပြီး တော်လှန်ရေးအင်အားစုများက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်များအား လမ်းတစ် လျှောက်ရှိ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ် အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၈)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။