Connect with us

Hi, what are you looking for?

သတင်း

လယ်ဒိုမှာ တိုက်ပွဲဖြစ်နေလို့ ဒေသခံတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ

လက်ရှိမှာတော့ ကေအဲန်ယူ-လယ်ဒိုမြို့နယ်စီမံအုပ်ချုပ်မှုနယ်မြေထဲမှာ စစ်ဘေးရှောင်နေရတဲ့ ကျေးရွာပေါင်း(၄၅)ရွာက အိမ်ခြေစုစုပေါင်း(၃၁၈၂)အိမ်နဲ့ လူဦးရေစုစုပေါင်း(၁၇၀၆၇)ဦးအထိ တိုးလာတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

လယ်ဒိုမှာ တိုက်ပွဲဖြစ်နေလို့ ဒေသခံတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ
လယ်ဒိုမှာ တိုက်ပွဲဖြစ်နေလို့ ဒေသခံတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ်ရင်း(၃)တို့ လယ်ဒို(ကျောက်ကြီး) မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်တဲ့ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် တပ်မဟာ(၃)နယ်မြေ လယ်ဒိုမြို့နယ် ဃဲဒဲကျေးရွာအုပ်စုမှာ စက်တင်ဘာလ(၇)ရက်ကစပြီး တပ်မဟာ(၅)ကနေ ပြန်ဆင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ KNDO တပ်ရင်း(၃)တို့ကြား အခုအချိန်ထိ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားလျက်ရှိကာ နှစ်ဖက်ထိခိုက်ကျဆုံးမှုကို အတည်ပြုခြင်းမရရှိသေးဘူးလို့ ကေအဲန်ယူက ဆိုပါတယ်။

ဒီလို ထိပ်တိုက်တိုက်ပွဲဖြစ်ပွားမှုကြောင့် ဃဲဒဲကျေးရွာအုပ်စုရှိ သဲခီး၊ ထူးထာ၊ ဃဲဒဲ၊ မူခီး၊ တကော်ဒဲ၊ ဒေးဘောခီး၊ ဒိုဒေါ်ခီး၊ တူဝေါ်စိုးနဲ့ ဃောထောခီး စတဲ့ ကျေးရွာပေါင်း(၉)ရွာက လူဦးရေ(၁၀၃၁)ဦးဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ဃဲဒဲကျေးရွာအုပ်စုရှိ ကျောင်းသားကျောင်းသူဦးရေ (၃၃၆)ဦးနဲ့ ကျောင်းဆရာ ဆရာမဦးရေ (၄၅)ဦးရှိတဲ့ ဃဲဒဲအထက်တန်းကျောင်း၊ သဲခီးမူလတန်းကျောင်း၊ ထူးထာမူလတန်းကျောင်း၊ မူခီးအလယ်တန်းကျောင်း၊ ဒိုဒေါ်ခီးမူလတန်းကျောင်းနဲ့ တူဝေါ်စိုးမူလတန်းကျောင်း စတဲ့ စာသင်ကျောင်းပေါင်းခြောက်ကျောင်းကိုလည်း ပိတ်ခဲ့ရတယ်လို့ ကေအဲန်ယူထံကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါကျေးရွာတွေဟာ ကေအဲန်ယူနဲ့ မြန်မာအစိုးရတို့ကြား NCA ချုပ်ဆိုင်ခြင်းမတိုင်ခင်နဲ့ ချုပ်ဆိုပြီးနောက်ပိုင်း ၂၀၂၀ ခုနှစ် ဒီဇင်ဘာလကနေစပြီး စစ်ကောင်စီတပ်က ဃဲဒဲကျေးရွာအုပ်စုနဲ့ ဃယ်ကာခိုကျေးရွာအုပ်စုမှာ လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အချိန်ကနေ အခုအချိန်ထိ စစ်ဒဏ်နဲ့ ခေတ်အဆက်ဆက်အုပ်စိုးခဲ့တဲ့ မြန်မာအစိုးရတို့ရဲ့ ဖိနှိပ်မှုဒဏ်အမျိုးမျိုးကို ခံစားခဲ့ကြရတဲ့ တောင်ပေါ်ဌာနေ ကရင်တိုင်းရင်းသားလူမျိုးများဖြစ်တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

လက်ရှိမှာတော့ ကေအဲန်ယူ-လယ်ဒိုမြို့နယ်စီမံအုပ်ချုပ်မှုနယ်မြေထဲမှာ စစ်ဘေးရှောင်နေရတဲ့ ကျေးရွာပေါင်း(၄၅)ရွာက အိမ်ခြေစုစုပေါင်း(၃၁၈၂)အိမ်နဲ့ လူဦးရေစုစုပေါင်း(၁၇၀၆၇)ဦးအထိ တိုးလာတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော