Connect with us

Hi, what are you looking for?

News

NUGကို တရားဝင်အစိုးရအဖြစ် နိုင်ငံတကာလက်ခံဖို့ သတ်မှတ်ချက်တွေနဲ့ကိုက်ညီတယ်လို့ အထူးအကြံပေးကောင်စီသုံးသပ်

အစိုးရသစ်တစ်ရပ်ကို အခြားနိုင်ငံတွေက နှစ်နိုင်ငံချင်းအသိအမှတ်ပြုတဲ့ဆုံးဖြတ်ချက်တွေ ချ မှတ်နိုင်ပေမယ့် နိုင်ငံအများစုက အဲဒီယေဘုယျနည်းလမ်းကို ရှောင်ရှားလေ့ရှိတယ်လို့ SAC-M က ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဟာ မြန်မာနိုင်ငံအစိုးရအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံအသိအမှတ်ပြုဖို့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတာကိုတွေ့ရတယ်လို့ အထူးအကြံပေးကောင်စီ(SAC-M)က သုံးသပ်ပါတယ်။

ကုလသမဂ္ဂရဲ့ကျွမ်းကျင်ပညာရှင်သုံးဦးနဲ့ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M) ဟာ ‘အစိုးရများရဲ့အသိအမှတ်ပြုခြင်း’ စာတမ်းတစ်စောင်ကို မနေ့က ထုတ် ပြန်လိုက်ပြီး အဲဒီစာတမ်းမှာ အစိုးရတွေရဲ့အသိအမှတ်ပြုခြင်းအပေါ် နိုင်ငံတကာ ဥပဒေတွေ၊ ကျင့်ထုံးတွေကို ဖော်ပြထားတာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကစလို့ ၆ လကျော်လာချိန်အထိ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကိုရော၊ အမျိုးသားညီညွတ်ရေးအစိုးရကိုပါ အစိုးရတစ်ရပ်အဖြစ် နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုတာမရှိသေးပါဘူး။

အစိုးရသစ်တစ်ရပ်ကို အခြားနိုင်ငံတွေက နှစ်နိုင်ငံချင်းအသိအမှတ်ပြုတဲ့ဆုံးဖြတ်ချက်တွေ ချ မှတ်နိုင်ပေမယ့် နိုင်ငံအများစုက အဲဒီယေဘုယျနည်းလမ်းကို ရှောင်ရှားလေ့ရှိတယ်လို့ SAC-M က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတစ်နိုင်ငံအနေဲ့ ဥပဒေမဲ့ အာဏာသိမ်းယူထားတဲ့အဖွဲ့ကို တရားဝင်အသိအမှတ်ပြုဖို့ ရှောင် ရှားလိုနေချိန်မှာ ရှိနေဆဲသံတမန်ဆက်ဆံရေးကို ထိန်းသိမ်းလိုတာကြောင့် ဆက်လက်ထားရှိရ တာကလည်း အကြောင်း ရင်းတစ်ချက်ပါ။

နိုင်ငံတွေဟာ ကျင့်သုံးနေကျနည်းလမ်းတွေအတိုင်း တရားဝင်အစိုးရအဖြစ် လက်မခံရင်ပေမယ့် လည်း တစ်ခါတစ်ရံမှာ သူတို့ရဲ့လုပ်ဆောင်ချက်တွေက အသိ အမှတ်ပြုမှုကို ပေးနေတာမျိုး သက် ရောက်ပါတယ်။ ဥပမာအားဖြင့် အစည်းအဝေးတွေ တက်ရောက်ဖို့ဆုံးဖြတ်တာ၊ ပြည်ပမှာ ငွေကြေးလက်ခံရယူတာမျိုးကိုခွင့်ပြုတာ စတာတွေဖြစ်ပါတယ်။

SAC-M ဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ရှင်းလင်းတင်ပြတဲ့စာတမ်း ၄ စောင်ကို ထုတ်ပြန်နေ ပြီး အခုစာတမ်းဟာ ဒုတိယမြောက်ဖြစ်ပါတယ်။ ပထမဆုံးက ‘ကုလသမဂ္ဂမှာ မြန်မာရဲ့ ကိုယ် စားပြုမှု’ ဖြစ်ပြီး ဆက်လက်ပြီး ‘ဥပဒေမဲ့မြန်မာစစ်အာဏာသိမ်းမှုကို ကုလသမဂ္ဂနိုင်ငံရေးအစုအဖွဲ့တွေရဲ့တုံ့ပြန်မှု’ နဲ့ ‘မြန်မာနိုင်ငံမှာ ကာကွယ်ပေးရန်တာဝန်ရှိမှု(R2P)’ တို့ကို ထုတ်ဝေဖို့ ရှိ နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။

သတင်း

လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။