Connect with us

Hi, what are you looking for?

News

NUGကို တရားဝင်အစိုးရအဖြစ် နိုင်ငံတကာလက်ခံဖို့ သတ်မှတ်ချက်တွေနဲ့ကိုက်ညီတယ်လို့ အထူးအကြံပေးကောင်စီသုံးသပ်

အစိုးရသစ်တစ်ရပ်ကို အခြားနိုင်ငံတွေက နှစ်နိုင်ငံချင်းအသိအမှတ်ပြုတဲ့ဆုံးဖြတ်ချက်တွေ ချ မှတ်နိုင်ပေမယ့် နိုင်ငံအများစုက အဲဒီယေဘုယျနည်းလမ်းကို ရှောင်ရှားလေ့ရှိတယ်လို့ SAC-M က ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဟာ မြန်မာနိုင်ငံအစိုးရအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံအသိအမှတ်ပြုဖို့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတာကိုတွေ့ရတယ်လို့ အထူးအကြံပေးကောင်စီ(SAC-M)က သုံးသပ်ပါတယ်။

ကုလသမဂ္ဂရဲ့ကျွမ်းကျင်ပညာရှင်သုံးဦးနဲ့ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M) ဟာ ‘အစိုးရများရဲ့အသိအမှတ်ပြုခြင်း’ စာတမ်းတစ်စောင်ကို မနေ့က ထုတ် ပြန်လိုက်ပြီး အဲဒီစာတမ်းမှာ အစိုးရတွေရဲ့အသိအမှတ်ပြုခြင်းအပေါ် နိုင်ငံတကာ ဥပဒေတွေ၊ ကျင့်ထုံးတွေကို ဖော်ပြထားတာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကစလို့ ၆ လကျော်လာချိန်အထိ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကိုရော၊ အမျိုးသားညီညွတ်ရေးအစိုးရကိုပါ အစိုးရတစ်ရပ်အဖြစ် နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုတာမရှိသေးပါဘူး။

အစိုးရသစ်တစ်ရပ်ကို အခြားနိုင်ငံတွေက နှစ်နိုင်ငံချင်းအသိအမှတ်ပြုတဲ့ဆုံးဖြတ်ချက်တွေ ချ မှတ်နိုင်ပေမယ့် နိုင်ငံအများစုက အဲဒီယေဘုယျနည်းလမ်းကို ရှောင်ရှားလေ့ရှိတယ်လို့ SAC-M က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတစ်နိုင်ငံအနေဲ့ ဥပဒေမဲ့ အာဏာသိမ်းယူထားတဲ့အဖွဲ့ကို တရားဝင်အသိအမှတ်ပြုဖို့ ရှောင် ရှားလိုနေချိန်မှာ ရှိနေဆဲသံတမန်ဆက်ဆံရေးကို ထိန်းသိမ်းလိုတာကြောင့် ဆက်လက်ထားရှိရ တာကလည်း အကြောင်း ရင်းတစ်ချက်ပါ။

နိုင်ငံတွေဟာ ကျင့်သုံးနေကျနည်းလမ်းတွေအတိုင်း တရားဝင်အစိုးရအဖြစ် လက်မခံရင်ပေမယ့် လည်း တစ်ခါတစ်ရံမှာ သူတို့ရဲ့လုပ်ဆောင်ချက်တွေက အသိ အမှတ်ပြုမှုကို ပေးနေတာမျိုး သက် ရောက်ပါတယ်။ ဥပမာအားဖြင့် အစည်းအဝေးတွေ တက်ရောက်ဖို့ဆုံးဖြတ်တာ၊ ပြည်ပမှာ ငွေကြေးလက်ခံရယူတာမျိုးကိုခွင့်ပြုတာ စတာတွေဖြစ်ပါတယ်။

SAC-M ဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ရှင်းလင်းတင်ပြတဲ့စာတမ်း ၄ စောင်ကို ထုတ်ပြန်နေ ပြီး အခုစာတမ်းဟာ ဒုတိယမြောက်ဖြစ်ပါတယ်။ ပထမဆုံးက ‘ကုလသမဂ္ဂမှာ မြန်မာရဲ့ ကိုယ် စားပြုမှု’ ဖြစ်ပြီး ဆက်လက်ပြီး ‘ဥပဒေမဲ့မြန်မာစစ်အာဏာသိမ်းမှုကို ကုလသမဂ္ဂနိုင်ငံရေးအစုအဖွဲ့တွေရဲ့တုံ့ပြန်မှု’ နဲ့ ‘မြန်မာနိုင်ငံမှာ ကာကွယ်ပေးရန်တာဝန်ရှိမှု(R2P)’ တို့ကို ထုတ်ဝေဖို့ ရှိ နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။