Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်ခရိုင်ထဲ တစ်လအတွင်းတိုက်ပွဲတွေမှာ စစ်တပ်ဘက်က တပ်ရင်းမှူးအပါအဝင် အယောက် ၇၀ သေဆုံးခဲ့တယ်လို့ KNU ဆို

ဒီလို စစ်ကောင်စီတပ်က လုပ်ဆောင်ခဲ့တာကြောင့် KNLA တပ်မဟာ(၃)က တပ်ရင်းလေးရင်းလုံးပါဝင်တဲ့ စစ်ကြောင်းတစ်ကြောင်းကိုဖွဲ့စည်းပြီး မူသယ်ကားလမ်းပေါ်မှာ ပြည်သူလူထုရဲ့လုံခြုံရေးလုပ်ငန်းတွေကို သွားရောက်ဆောင်ရွက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ကေအဲန်ယူကဆိုပါတယ်။

ညောင်လေးပင်ခရိုင်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နဲ့ စစ်ကောင်စီတပ်တို့အကြား နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေပြီး တစ်လအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူး၊ ဒုရင်းမှူး၊ ဗိုလ်ကြီးအဆင့်ရှိသူတွေအပါအဝင် အယောက်(၇၀)ကျော်သေဆုံးခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ခလယ်လွီထူခရိုင်မှာ KNLA တပ်မဟာ(၃)လက်အောက်ခံတပ်တွေဖြစ်ကြတဲ့ တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၉)၊ KNDO တပ်ရင်း(၃)တပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား နေ့တိုင်းတိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါတယ်။ ဩဂုတ်လတစ်လထဲမှာ တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း(၄၇)ကြိမ်ဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးတစ်ဦး၊ ဒုရင်းမှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦး၊ အရာခံဗိုလ်တစ်ဦး၊ တပ်ကြပ်တစ်ဦးအပါအဝင် (၇၃)ဦး သေဆုံးကာ (၄၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။

ညောင်လေးပင်ခရိုင်ထဲ တစ်လအတွင်းတိုက်ပွဲတွေမှာ စစ်တပ်ဘက်က တပ်ရင်းမှူးအပါအဝင် အယောက် ၇၀ သေဆုံးခဲ့တယ်လို့ KNU ဆို
ညောင်လေးပင်ခရိုင်ထဲ တစ်လအတွင်းတိုက်ပွဲတွေမှာ စစ်တပ်ဘက်က တပ်ရင်းမှူးအပါအဝင် အယောက် ၇၀ သေဆုံးခဲ့တယ်လို့ KNU ဆို

ခလယ်လွီထူခရိုင် တပ်မဟာ(၃)မှာ အာဏာသိမ်းမှုဖြစ်စဉ် မဖြစ်ပွားစဉ်ကာလကတည်း လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်းရှိ KNDO တပ်ရင်း(၃)လုံခြုံရေးတာဝန်ယူထားတဲ့ နယ်မြေတွေအတွင်းမှာ စစ်ကောင်စီတပ်က လယ်ဒိုမြို့ကနေ မူသယ်၊ မူသယ်ကနေတစ်ဆင့် တပ်မဟာ(၅)ကို ဆက်သွယ်တဲ့ကားလမ်းကို NCA သဘောတူညီချက်ပါ စည်းမျဉ်းစည်းကမ်းတွေကိုကျော်လွန်ပြီး တိုးချဲ့လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

ဒီလို စစ်ကောင်စီတပ်က လုပ်ဆောင်ခဲ့တာကြောင့် KNLA တပ်မဟာ(၃)က တပ်ရင်းလေးရင်းလုံးပါဝင်တဲ့ စစ်ကြောင်းတစ်ကြောင်းကိုဖွဲ့စည်းပြီး မူသယ်ကားလမ်းပေါ်မှာ ပြည်သူလူထုရဲ့လုံခြုံရေးလုပ်ငန်းတွေကို သွားရောက်ဆောင်ရွက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ကေအဲန်ယူကဆိုပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

KNLA က လုံခြုံရေးလုပ်ငန်းတွေလုပ်ဆောင်နေစဉ်ကာလအတွင်း စစ်ကောင်စီတပ်က နယ်မြေကျူးကျော်ဝင်ရောက်တာတွေပြုလုပ်ခဲ့တာကြောင့် ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားခဲ့ပြီး စစ်အာဏာသိမ်းမှုဖြစ်စဉ်မတိုင်ခင်ကာလကတည်းက စစ်ရှောင်ပြည်သူ(၆၀၀၀)ကျော်ရှိခဲ့ရာကနေ အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၂ ခုနှစ် ဇူလိုင်လကုန်အထိ ခလယ်လွီထူခရိုင် တပ်မဟာ(၃)အတွင်းရှိ မြို့နယ်သုံးမြို့နယ်အတွင်း စစ်ရှောင်ဦးရေ(၆၁၈၉၈)အထိရှိလာပြီး ဩဂုလတစ်လအတွင်းမှာလည်း စစ်ရှောင်ပြည်သူ(၂၀၁၈၄)ဦး ထပ်တိုးလာတယ်လို့ ကေအဲန်ယူက ပြောပါတယ်။

ကေအဲန်ယူ-ခလယ်လွီထူခရိုင် တပ်မဟာ(၃)အတွင်းရှိ လယ်ဒို၊ ဆောထိ(ရွှေကျင်)၊ မူး(မုန်း) သုံးမြို့နယ်ထဲမှာ စစ်ဘေးရှောင်ပြည်သူဦးရေ စုစုပေါင်း(၈၂၀၈၂)ဦးအထိ ရှိလာနေပြီဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူအရေအတွက် တစ်နေ့တစ်ခြားတိုးများလာတာကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း အများအပြားလိုအပ်လျက်ရှိနေတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။