Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်ခရိုင်ထဲ နှစ်ရက်အတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦး အပါအဝင် (၁၉)ဦး သေဆုံးခဲ့တယ်လို့ ဆို

ထွက်ပြေးတိမ်းရှောင်ရတဲ့ ကျေးရွာနေပြည်သူလူထုတွေကို ကေအဲန်ယူနဲ့ ဒေသခံကရင်လူမှုရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ကယ်ဆယ်နေရာချထားတာ၊ ကျန်းမာရေးနဲ့ စားဝတ်နေရေးအတွက် ကူညီစောင့်ရှောက်ပေးတာတွေ လုပ်ဆောင်ပေးချက်ရှိနေတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကေအဲန်ယူ-တပ်မဟာ ၃ နယ်မြေ လယ်ဒို(ကျောက်ကြီး)မြို့နယ်နဲ့ မုန်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တို့အကြား နှစ်ရက်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦး အပါအဝင် (၁၉)ဦး သေဆုံးသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် လယ်ဒိုမြို့နယ်ထဲက နရွဲပင်ကျေးရွာနဲ့ ညောင်ကုန်းကျေးရွာကြားမှာနယ်မြေကျူးကျော်လာတဲ့ မနေ့ ဇွန်(၂၆)ရက် မနက် ၇ နာရီအချိန်ခန့်ကစပြီး KNLA တပ်မဟာ ၃ နဲ့ စစ်ကောင်စီတပ်တို့အကြား ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးသွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်က အင်းနက်ကျေးရွာအုပ်စုရှိ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇွန် ၂၆ ရက်နေ့ ညနေ ၆ နာရီအချိန်မှာတော့ စစ်ကောင်စီတပ်က လူအင်အားအပြည့်ပါတဲ့ စစ်ကားငါးစီးနဲ့ ညောင်ဝိုင်းကျေးရွာမှာ တပ်လာရောက်ချထားခဲ့ပြီး မုန်းဒေသဘက်မှာလည်း လက်နက်အပြည့်အစုံ၊ လူအင်အားအပြည့်ပါတဲ့ စစ်ကားခြောက်စီးနဲ့ ငဗြက်အင်းကျေးရွာထဲကို ဝင်ရောက်လာကြတယ်လို့ ကေအဲန်ယူထံကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်(၂၅)ရက်နေ့ မနက် ၇ နာရီအချိန်ကလည်း ငဗြက်အင်းနဲ့ အင်းနက်ကျေးရွာကြားမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၃ တို့အကြား ထိပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနဲ့ စစ်ကောင်စီခန့် နတ်သံကွင်းမြို့ အုပ်ချုပ်ရေးမှူးအပါအဝင် (၁၄)ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ အင်းနက်ကျေးရွာအုပ်စုထဲကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သေးတာပါ။

ဇွန်(၂၅) နေ့ ညနေ ၅ နာရီအချိန်ကလည်း ကေအဲန်ယူ-ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲက နောင်ကုန်းကျေးရွာအရှေ့ဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၃ တို့အကြား ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးခဲ့ကာ တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်က ရန်မျိုးအောင်ကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

အခုလို တိုက်ပွဲတွေဖြစ်ရတာဟာ ကေအဲန်ယူအုပ်ချုပ်နယ်မြေထဲကို စစ်ကောင်စီတပ်က နယ်မြေကျူးကျော် စစ်ရေးလှုပ်ရှားလာတာဖြစ်တယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။

စစ်ကောင်စီတပ်ဟာ ရည်ရွယ်ချက်ရှိရှိ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အဦးတွေ ဘာသာရေးအဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ရကာ ကျေးရွာ(၁၄)ရွာက ဒေသခံပြည်သူ (၁၀၅၂၆)ဦး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်ရတဲ့ ကျေးရွာနေပြည်သူလူထုတွေကို ကေအဲန်ယူနဲ့ ဒေသခံကရင်လူမှုရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ကယ်ဆယ်နေရာချထားတာ၊ ကျန်းမာရေးနဲ့ စားဝတ်နေရေးအတွက် ကူညီစောင့်ရှောက်ပေးတာတွေ လုပ်ဆောင်ပေးချက်ရှိနေတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။