Connect with us

Hi, what are you looking for?

သတင်း

ကချင် – စစ်ကိုင်းအစပ် စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန်အသင့်ဟု မြို့လှ PDF အသိပေး

စစ်ကောင်စီ၏ ခလရ ၇၇ /ခမရ ၄၁၅/ခလရ ၇၈/ခမရ ၄၁၆ တပ်ရင်း (၄)ဖွဲ့ပေါင်း အင်အား ၁၇၆ ဦးသည် ချောင်းဝရွာ၌ ရှိနေသည်ဟု ဆိုသည်။

ကချင် - စစ်ကိုင်းအစပ် စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန်အသင့်ဟု မြို့လှ PDF အသိပေး
ကချင် - စစ်ကိုင်းအစပ် စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန်အသင့်ဟု မြို့လှ PDF အသိပေး

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ် ကသာခရိုင် ချောင်းဝရွာ၌ အကြမ်းဖက်စစ်ကောင်စီတပ် များ အချိန်းအပြောင်းလုပ်ရန် စုဝေးရောက်ရှိနေပြီး မြို့လှဘက်ပြန်ဝင်လာမည့် တပ်ကိုတိုက်ခိုက် ရန် ပြင်ဆင်စောင့်ကြိုနေသည်ဟု မြို့လှနယ်ရှိ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)က အသိပေးသည်။

စစ်ကောင်စီ၏ ခလရ ၇၇ /ခမရ ၄၁၅/ခလရ ၇၈/ခမရ ၄၁၆ တပ်ရင်း (၄)ဖွဲ့ပေါင်း အင်အား ၁၇၆ ဦးသည် ချောင်းဝရွာ၌ ရှိနေသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

မြို့လှ K-PDF တပ်လှုပ်ရှားနယ်မြေအတွင်းရှိ စစ်ကောင်စီတပ်များသည် မြို့လှတပ်နယ်ထဲ နေသည်မှာ ကြာပြီဖြစ်၍ တပ်အချိန်းအပြောင်း လုပ်ရန် စုဝေးရောက်ရှိနေသည်ဟု သိရပြီးတပ်အလွှဲအပြောင်းပြုလုပ်ပြီး ကသာဘက်သို့ ခြေလျင် ဖြင့် ထွက်မည်ဟု သတင်းရထားကြောင်း ဖော်ပြထားသည်။

မြို့လှ K-PDF အနေဖြင့် မြို့လှဘက်ချိန်းပြီးပြန် ဝင်လာမည့် အဖွဲ့ကို တိုက်ခိုက်ရန် ပြင်ဆင်စောင့် ကြိုနေသည်ဟု ဆိုသည်။ ကသာဘက် ဆက်သွားမည့် အဖွဲ့ကို တိုက်ခိုက်ရန် ကသာ၊ မိုးတားလေး၊ မိုးတားကြီး ဘက်ရှိတာဝန်ရှိသူများက ကြိုတင် ပြင်ဆင်ထားကြရန်လည်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တိုင်း​လေးခုမှာ​ရေ​ဘေးသင့်ပြည်သူ ၄၅၀,၀၀၀ ကျော် ရှိပြီး ၊စစ်ကိုင်းမှာပဲ ၂၂၀,၀၀၀ ကျော်

သတင်း

မြန်မာနိုင်ငံအလယ်ပိုင်းအညာဒေသစစ်ကိုင်းတိုင်းထဲကရွှေဘို ၊ခင်ဦး၊ ဒီပဲယင်းနဲ့ ရေဦးမြို့နယ်တွေရှိ မူးမြစ်ဘေးတလျှောက်ရှိရေဘေးသင့်နေတဲ့ ရွာတွေကို သြဂုတ်လ ၁၀ ရက် ညနေပိုင်းကတွေ့မြင်ရတာပါ။

သတင်း

စစ်သားအများအပြား​သေဆုံးပြီး လက်နက်မျိုးစုံ ၃၀ ​ကျော်သိမ်းရဟုဆို

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။