Connect with us

Hi, what are you looking for?

သတင်း

လက်နက်ခဲယမ်းများတင်လာသော စစ်သင်္ဘောအုပ်စု ကချင်ပြည်နယ်သို့ ဆန်တက်နေ

စစ်ကောင်စီ၏ လက်နက်၊ ရိက္ခာတင် စစ်သင်္ဘော ခြောက်စီးသည် ယနေ့(သြဂုတ် ၁၈ ရက်) နံနက် ၉ နာရီခွဲခန့်တွင် ကသာမြို့ဆိပ်ကမ်းမှ စတင်ဆန်တက် ထွက်ခွာလာခြင်းဖြစ်သည်။

(ကချင်ပြည်နယ်သို့ ဆန်တက်သွားသည့် သင်္ဘောအုပ်စုမှ တစ်စီးအား တွေ့ရစဉ်၊ ဓာတ်ပုံ - Tigyaing Revolution -TR)
(ကချင်ပြည်နယ်သို့ ဆန်တက်သွားသည့် သင်္ဘောအုပ်စုမှ တစ်စီးအား တွေ့ရစဉ်၊ ဓာတ်ပုံ - Tigyaing Revolution -TR)

စစ်ကောင်စီ၏ လက်နက်ခဲယမ်းများတင်လာသော သင်္ဘောအုပ်စု ကချင်ပြည်နယ်သို့ ဆက်လက် ဆန်တက်နေပြီး လေယာဥ်နှစ်စီးက လုံခြုံရေးယူပေး ထားကြောင်း ဒေသခံပြည်သူ့ ရဲဘော်များက ပြော သည်။

စစ်ကောင်စီ၏ လက်နက်၊ ရိက္ခာတင် စစ်သင်္ဘော ခြောက်စီးသည် ယနေ့(သြဂုတ် ၁၈ ရက်) နံနက် ၉ နာရီခွဲခန့်တွင် ကသာမြို့ဆိပ်ကမ်းမှ စတင်ဆန်တက် ထွက်ခွာလာခြင်းဖြစ်သည်။

စစ်သင်္ဘောများမှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် နိုင်ဖွယ်ရှိသောကြောင့် ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ ကျေးရွာများ သတိဖြင့် နေထိုင်သွားလာကြရန် ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကသာ (ပကဖ)က သတိပေးသည်။

“ကသာအထက် မိုးတားရွာနားရောက်နေပြီ။ ရန်သူဘက်က မြစ်ကမ်းတစ် လျှောက် ရမ်းသမ်းပြီး လက်နက်ကြီးရော၊ လက်နက်ငယ်တွေနဲ့ပါပစ် နေတယ်လို့လည်း ပြောတယ်။လေယာဥ်ကလည်း ရဟတ်ယာဥ်ရော၊ ဂျက်လေယာဥ်ပါ သုံး ထားတယ်”ဟု ကသာမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ နေ့လည် ၂ နာရီခန့်တွင် ပြောသည်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ သြဂုတ် ၈ရက်တွင် စတင်ထွက်ခွာလာ​သော စစ်ကောင်စီသင်္ဘော (၆)စီးသည် သြဂုတ် ၁၁ရက် နေ့လည်တွင် ကသာမြို့နယ်ပိုင်နက်အတွင်းရောက်ရှိလာပြီး တိုက်ခိုက်ခံခဲ့ရသည်။တိုက်ခိုက်ခံရသည့် နေရာအနီးမှ သုံးဆယ်ပေး ကျေးရွာအတွင်း စစ်ကောင်စီ တပ်က ဝင်ရောက်ပြီး ဒေသခံများကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။

သင်္ဘောများအားလုံး၏ အမိုးပေါ်တွင် စက်လက်များ၊အမြောက်များ ၊စနိုက်ပါများ တပ်ဆင်ထား သည်။

သင်္ဘောများတွင် စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်သို့ပို့မည့် လက်နက်ခဲယမ်းနှင့် ရိက္ခာများ တင်ဆောင်ထားသောကြောင့် မြစ်ကြောင်းတလျှောက် ပြည်သူများက သတင်းပေးပို့ရန် ပြည်သူ့ ကာကွယ်ရေးရဲဘော်များက တောင်းဆိုထားသည်။

အဆိုပါ သင်္ဘော (၆)စီးအားစစ်ကောင်စီက ကုန်းကြောင်း၊ လေကြောင်းဖြင့် ဝန်းရံကာ ကချင်ပြည် နယ် ဗန်းမော်မြို့အထိတွဲခေါ်မည်ဟု သတင်းရရှိထား ကြောင်း ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကသာ(ပကဖ)က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သင်္ဘော ၈စီး ထိခိုက်အောင် တိုက်ခိုက်ထားပြီး တချို့နစ်မြုပ်၊ သင်္ဘော ၂စီး ရွှေကူဘက် ပြန်လှည့်သွား

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။