Connect with us

Hi, what are you looking for?

သတင်း

KIAတပ်ရင်း(၁၄)၏ တပ်စခန်းအချို့ကို စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်၊ လေကြောင်းဖြင့် အကြိမ်ကြိမ်ဗုံးကြဲဟုဆို

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် KIAသတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ရာအဆက်အသွယ်မရသေးပေ။

(KIAမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)
(KIAမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှဒူးဇွပ်ဒေသရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၂)၊ တပ်ရင်း(၁၄) လက်အောက်ခံတပ်စခန်းအချို့ကို စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များက ယနေ့နံနက်တွင် ထိုးစစ်ဆင်တိုက်ခိုက်လာ၍ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဒေသရှိ KIA၏ ၀ခါး တပ်စခန်းနှင့် ငါးကန်တပ်စခန်းကို စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“အကြီးအကျယ်ချနေတယ်။လေယာဉ်နဲ့ ဒီမနက် သုံးလေးခေါက် လေယာဉ် ၄စီးနဲ့။ ၁၁နာရီလောက်မှာ တစ်ခေါက် အကြီးအကျယ်ပဲ။ ၀ခါးဘက်မှာရော ငါးကန်ဘက်မှာရော။ ရှဒူးဇွပ်နဲ့ သိပ်မဝေးဘူး မလှမ်းမကမ်းမှာပဲ”ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခြင်းမှာတိုက်ပွဲ၌ ထိခိုက်သေဆုံးမှုများ၍ ဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။ တစ်ဖက်တွင်လည်း KIA အနေဖြင့် ၀ခါးတပ်စခန်းကို လက်လွှတ်လိုက်ရပြီဟု သိရကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

“အထိအခိုက်အကျအဆုံးမကြားမိဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် စစ်တပ်ဘက်က ထိခိုက်မှုမရှိရင် လေယာဉ်မခေါ်နိုင်ဘူး။ကျဆုံးမှု များနိုင်တယ်”ဟု ဒေသခံက ပြောသည်။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် KIAသတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ရာအဆက်အသွယ်မရသေးပေ။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အဆိုပါ ရှဒူးဇွပ်ဒေသတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁၀ဦးထက်မနည်းသေဆုံးခဲ့သည်ဟု KIAက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။