Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KIAတပ်ရင်း(၁၄)၏ တပ်စခန်းအချို့ကို စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်၊ လေကြောင်းဖြင့် အကြိမ်ကြိမ်ဗုံးကြဲဟုဆို

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် KIAသတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ရာအဆက်အသွယ်မရသေးပေ။

(KIAမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)
(KIAမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှဒူးဇွပ်ဒေသရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၂)၊ တပ်ရင်း(၁၄) လက်အောက်ခံတပ်စခန်းအချို့ကို စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များက ယနေ့နံနက်တွင် ထိုးစစ်ဆင်တိုက်ခိုက်လာ၍ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဒေသရှိ KIA၏ ၀ခါး တပ်စခန်းနှင့် ငါးကန်တပ်စခန်းကို စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“အကြီးအကျယ်ချနေတယ်။လေယာဉ်နဲ့ ဒီမနက် သုံးလေးခေါက် လေယာဉ် ၄စီးနဲ့။ ၁၁နာရီလောက်မှာ တစ်ခေါက် အကြီးအကျယ်ပဲ။ ၀ခါးဘက်မှာရော ငါးကန်ဘက်မှာရော။ ရှဒူးဇွပ်နဲ့ သိပ်မဝေးဘူး မလှမ်းမကမ်းမှာပဲ”ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခြင်းမှာတိုက်ပွဲ၌ ထိခိုက်သေဆုံးမှုများ၍ ဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။ တစ်ဖက်တွင်လည်း KIA အနေဖြင့် ၀ခါးတပ်စခန်းကို လက်လွှတ်လိုက်ရပြီဟု သိရကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

“အထိအခိုက်အကျအဆုံးမကြားမိဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် စစ်တပ်ဘက်က ထိခိုက်မှုမရှိရင် လေယာဉ်မခေါ်နိုင်ဘူး။ကျဆုံးမှု များနိုင်တယ်”ဟု ဒေသခံက ပြောသည်။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် KIAသတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ရာအဆက်အသွယ်မရသေးပေ။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အဆိုပါ ရှဒူးဇွပ်ဒေသတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁၀ဦးထက်မနည်းသေဆုံးခဲ့သည်ဟု KIAက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။