Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်မြို့နယ် ဆည်ဆင်း​​ရွာကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးများကြဲချနေဟု ​ဒေသခံ​ပြော

ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့သည်ဟု ဖားကန့်PDFနှင့် နီးစပ်သူတစ်ဦးက​ ပြောသည်။ တိုက်ပွဲအခြေအနေကို မေးမြန်းရန် KIAထံ ဆက်သွယ်သော် လည်း မရသေးပေ။

ဖားကန့်မြို့နယ်
ဖားကန့်မြို့နယ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆည်ဆင်း​​ကျေးရွာကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် အင်အားပြင်းဗုံးများ လာရောက်ကြဲချ တိုက်ခိုက်နေကြောင်း ဒေသခံများက ယနေ့နံနက်တွင် ​ပြောသည်။

“ တခါ၊တခါ ချရင် ဗုံးလေးလုံးဗျ။ အင်အားတော်တော်ပြင်းတယ်။ အခုကို လာပစ်နေတာ” ဟု ဆည်ဆင်းရွာဒေသခံတစ်ဦးက ယနေ့(ဇူလိုင် ၁၈ရက်)နံနက် ၁၁နာရီခန့်တွင် ပြောသည်။

ဖားကန့်မြို့နယ် ဆည်ဆင်းကျေးရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA)နှင့် PDFက ဇူလိုင် ၁၄ရက်နှင့် ၁၅ရက်တွင် တိုက်ခိုက်ခဲ့သည်။တိုက်ပွဲတွင် စစ်ကောင်စီတပ် ပိတ်မိနေ၍ လေကြောင်းမှ လာရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းဒေသခံများက ပြောသည်။

“ မြေပြင်မှာ ပိတ်မိနေတဲ့ စခတွေက စစ်ကူတောင်းတာ။ မြေပြင်ကနေ လာမရတော့ လေကြောင်းကနေ လာတိုက်နေတာ။ အခုက ရွှေတွင်းတွေ၊ လူနေကျေးရွာတွေကို ဗုံးလိုက်ကြဲနေတာ” ဟု ဖားကန့်PDFနှင့် နီးစပ်သူတစ်ဦးက​ပြောသည်။

စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်မှုကြောင့် အရပ်သားများ ပုန်းအောင်းနေကြရသလို အများစုသည် မနေရဲတော့ဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု ဒေသခံများက ပြောသည်။သို့​သော် အရပ်သား ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

ယမန်နေ့(ဇူလိုင် ၁၇ရက်) ညနေတွင် စစ်ကောင်စီနှင့် ရှမ်းနီတပ်ဖွဲ့(SNA) ပူးပေါင်းတပ်ဖွဲ့ဝင် ၂၀၀ခန့်က ဆယ်ဇင်းဘက်သို့ စစ်ကူအဖြစ် လာရောက်နေသည့် သတင်းများထွက်ပေါ်နေသည်။

ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့သည်ဟု ဖားကန့်PDFနှင့် နီးစပ်သူတစ်ဦးက​ ပြောသည်။ တိုက်ပွဲအခြေအနေကို မေးမြန်းရန် KIAထံ ဆက်သွယ်သော် လည်း မရသေးပေ။

You May Also Like

သတင်း

ကိုကောင်းဆက်ပိုင်အား စစ်ကောင်စီ ဖက်ဆစ်ခုံရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းအမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုသည်။

သတင်း

စစ်ကောင်စီ၏ ထိုးစစ်ဆင်နေသည့်ကာလအတွင်း ကရင်နီဒေသသို့ မတ်လ ၁၅ရက်က ဒုတိယ စစ်ခေါင်းဆောင်စိုးဝင်း လာရောက်ခဲ့ပြီး " တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်တွေနဲ့ မဆုတ်မနစ် စစ်တိုက်ကြဖို့"ဟု မှာကြားမှုရှိသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မံဝိန်းကြီး၊ စီမူကြီး ၊ စီမူလေးဘက် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခု ထပ်မံ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ကျေးရွာပေါင်း ၆၈ရွာမှ နေအိမ် ၄,၁၇၆လုံးအား မီးရှို့ဖျက်ဆီးခံထားရသည်။