Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့နယ် ဆည်ဆင်း​​ရွာကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးများကြဲချနေဟု ​ဒေသခံ​ပြော

ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့သည်ဟု ဖားကန့်PDFနှင့် နီးစပ်သူတစ်ဦးက​ ပြောသည်။ တိုက်ပွဲအခြေအနေကို မေးမြန်းရန် KIAထံ ဆက်သွယ်သော် လည်း မရသေးပေ။

ဖားကန့်မြို့နယ်
ဖားကန့်မြို့နယ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆည်ဆင်း​​ကျေးရွာကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် အင်အားပြင်းဗုံးများ လာရောက်ကြဲချ တိုက်ခိုက်နေကြောင်း ဒေသခံများက ယနေ့နံနက်တွင် ​ပြောသည်။

“တခါ၊တခါ ချရင် ဗုံးလေးလုံးဗျ။ အင်အားတော်တော်ပြင်းတယ်။ အခုကို လာပစ်နေတာ”ဟု ဆည်ဆင်းရွာဒေသခံတစ်ဦးက ယနေ့(ဇူလိုင် ၁၈ရက်)နံနက် ၁၁နာရီခန့်တွင် ပြောသည်။

ဖားကန့်မြို့နယ် ဆည်ဆင်းကျေးရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA)နှင့် PDFက ဇူလိုင် ၁၄ရက်နှင့် ၁၅ရက်တွင် တိုက်ခိုက်ခဲ့သည်။တိုက်ပွဲတွင် စစ်ကောင်စီတပ် ပိတ်မိနေ၍ လေကြောင်းမှ လာရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းဒေသခံများက ပြောသည်။

“မြေပြင်မှာ ပိတ်မိနေတဲ့ စခတွေက စစ်ကူတောင်းတာ။ မြေပြင်ကနေ လာမရတော့ လေကြောင်းကနေ လာတိုက်နေတာ။ အခုက ရွှေတွင်းတွေ၊ လူနေကျေးရွာတွေကို ဗုံးလိုက်ကြဲနေတာ” ဟု ဖားကန့်PDFနှင့် နီးစပ်သူတစ်ဦးက​ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်မှုကြောင့် အရပ်သားများ ပုန်းအောင်းနေကြရသလို အများစုသည် မနေရဲတော့ဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု ဒေသခံများက ပြောသည်။သို့​သော် အရပ်သား ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

ယမန်နေ့(ဇူလိုင် ၁၇ရက်) ညနေတွင် စစ်ကောင်စီနှင့် ရှမ်းနီတပ်ဖွဲ့(SNA) ပူးပေါင်းတပ်ဖွဲ့ဝင် ၂၀၀ခန့်က ဆယ်ဇင်းဘက်သို့ စစ်ကူအဖြစ် လာရောက်နေသည့် သတင်းများထွက်ပေါ်နေသည်။

ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့သည်ဟု ဖားကန့်PDFနှင့် နီးစပ်သူတစ်ဦးက​ ပြောသည်။ တိုက်ပွဲအခြေအနေကို မေးမြန်းရန် KIAထံ ဆက်သွယ်သော် လည်း မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ကျိန္တလီမြို့၊ရမ္မာကျွန်းလူနေကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါး ရာ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် ​ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ငယ်တွေအပါအဝင် ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။