Connect with us

Hi, what are you looking for?

သတင်း

ဂျပန်ရောက်မြန်မာများ နေထိုင်ခွင့်နှင့် နိုင်ငံကူးလက်မှတ်ကိစ္စ စစ်ကောင်စီသံရုံး၌ သက်တမ်းတိုးရန်ဆန္ဒမရှိပါက ဆောင်ရွက်ပေးမည်ဟု NUG ကိုယ်စားလှယ်ရုံး အသိပေး

လက်ရှိတွင် ဂျပန်ရောက်မြန်မာနိုင်ငံသားများက အထက်ပါ ဗီဇာကိစ္စရပ်များကို စစ်ကောင်စီသံရုံးနှင့် ချိတ်ဆက်ဆောင်ရွက်လိုသည့် ဆန္ဒမရှိကြောင်းလည်း NUG ဂျပန်ကိုယ်စားလှယ်ရုံးထံ စာရေးသားတင်ပြတိုင်ကြားမှုများ လက်ခံရရှိထားသောကြောင့် ဂျပန်နိုင်ငံမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းပြီးဖြစ်ကြောင်း ဖော်ပြသည်။

(NUG အစိုးရ ဂျပန်နိုင်ငံကိုယ်စားလှယ်ရုံးတာဝန်ရှိသူများနှင့် ဂျပန်နိုင်ငံဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းခဲ့စဥ်၊ဓာတ်ပုံ - ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး)
(NUG အစိုးရ ဂျပန်နိုင်ငံကိုယ်စားလှယ်ရုံးတာဝန်ရှိသူများနှင့် ဂျပန်နိုင်ငံဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းခဲ့စဥ်၊ဓာတ်ပုံ - ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး)

ဂျပန်ရောက် မြန်မာနိုင်ငံသားများ၏ ပြည်ဝင်ခွင့်၊ နေထိုင်ခွင့်နှင့် နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စရပ်များအား စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံး၌ သက်တမ်းတိုးရန်ဆန္ဒမရှိသူများကို ဂျပန်အစိုးရနှင့်ညှိနှိုင်း၍ အဆင်ပြေအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း NUG အစိုးရ၏ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက အသိပေးထုတ်ပြန် သည်။

လက်ရှိတွင် ဂျပန်ရောက်မြန်မာနိုင်ငံသားများက အထက်ပါ ဗီဇာကိစ္စရပ်များကို စစ်ကောင်စီသံရုံးနှင့် ချိတ်ဆက်ဆောင်ရွက်လိုသည့် ဆန္ဒမရှိကြောင်းလည်း NUG ဂျပန်ကိုယ်စားလှယ်ရုံးထံ စာရေးသားတင်ပြတိုင်ကြားမှုများ လက်ခံရရှိထားသောကြောင့် ဂျပန်နိုင်ငံမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းပြီးဖြစ်ကြောင်း ဖော်ပြသည်။

ဆွေးနွေးညှိနှိုင်းမှုကို NUG အစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် စောဘလှသိန်း၊ ရှေ့နေကြီး မစ္စတာ Shogo Watanabe နှင့်အဖွဲ့သည် မြန်မာ့ဒီမိုကရေစီအရေး အားပေးလျက်ရှိသည့် လွှတ်တော်အမတ်များသမဂ္ဂဥက္ကဋ္ဌ မစ္စတာ Masaharu Nakagawa၊ အတွင်းရေးမှူး မစ္စတာ Michihiro Ishibashi တို့နှင့် ဇူလိုင် ၂၉ ရက်တည်းက တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

ထိုတွေ့ဆုံမှုရလဒ်အနေဖြင့် NUG အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် လူဝင်မှုကြီးကြပ်ရေးနှင့် မြန်မာနိုင်ငံသားများ အရေးကိစ္စအား ဂျပန်နိုင်ငံ၊ ဝန်ကြီးချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာနသို့ တောင်းဆိုထားသည့်အပေါ် အဆိုပါဝန်ကြီးဌာနမှ လက်ခံကြောင်း ပြန်လည်အကြောင်းပြန်ကြားလာသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် စစ်ကောင်စီလက်အောက်ခံ ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်ရန်၊ သက်တမ်းတိုးရန် ဆန္ဒမရှိသူများအား ဂျပန်လူဝင်မှုကြီး ကြပ်ရေးမှ စစ်ကောင်စီသံရုံးသို့ ပြန်လည်စေလွှတ်စေခြင်းမရှိဘဲ အကျိုးအကြောင်း ရှင်းပြချက်အားရေးသားတင်ပြပါက လွယ်ကူချောမွေ့စွာဆောင်ရွက်ပေးရန်နှင့် လိုအပ်သည့်စာရွက်စာတမ်းများကို NUG ကိုယ်စားလှယ်ရုံးက ဆောင်ရွက်ပေးမည်ကို ဂျပန်အစိုးရမှ လက်ခံပေးရန် ညှိနှိုင်းထားသည်ဟု ရှင်းပြသည်။

အလားတူ မြန်မာနိုင်ငံသားမိဘများမှ ဂျပန်နိုင်ငံတွင်နေထိုင်စဉ် မွေးဖွားလာသော ကလေးများအတွက် မြန်မာနိုင်ငံသားဖြစ်ကြောင်း ထောက်ခံစာ၊ အိမ်ထောင်စုစာရင်းဆိုင်ရာထောက်ခံစာအပါအ၀င် နိုင်ငံသားအကျိုးဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်လာပါက စစ်ကောင်စီသံရုံး၏ ထောက်ခံချက်မဟုတ်ဘဲ NUG အစိုးရ၏ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံး၏ ထောက်ခံချက် အား အသိအမှတ်ပြုပေးရန် တောင်းဆိုးထားသည်ဟု ဆိုသည်။

ယင်းအပြင် နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်ရန်၊ သက်တမ်းတိုးရန် လိုအပ်သော မြန်မာနိုင်ငံသားများ နိုင်ငံရပ်ခြားခရီးသွားလာရန်ကိစ္စများ ပေါ်ပေါက်ပါက မြန်မာနိုင်ငံကူးလက်မှတ်အစားထိုး အသုံးပြုနိုင်သည့် ပြည်ပြန်ဝင်ခွင့်စာအုပ်(Re-entry Permit) လျှောက်ထားစေပြီး လွယ်ကူလျင်မြန်စွာ ထုတ်ပေးရန်နှင့် လိုအပ်သည့်စာရွက်စာတမ်းများရှိပါက NUG အစိုးရ၏ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးမှ ကူညီဆောင်ရွက်သွားရန်တို့ပါဝင်သည်ဟု ထုတ်ပြန်သည်။

ထို့ကြောင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် အထက်ဖော်ပြပါ ကိစ္စရပ်များနှင့် စပ် လျဉ်းပြိး အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက (သို့မဟုတ်)အသေးစိတ်သိရှိလိုပါက NUG အစိုးရ၏ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးမှ ကူညီဆောင်ရွက်ပေးနေပါသဖြင့် ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးဖုန်းအမှတ် – ၀၃ -၅၉၈၀ ၇၄၈၂ သို့ နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအတွင်း ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျားဖြန့်လုပ်ငန်း​တွေတိုက်ဖျက်ဖို့ ၊FATF သတ်မှတ်ချက်​တွေကိုလိုက်နာဖို့သတိ​ပေးပြီး တိုးတက်မှုမရှိရင် ၂၀၂၇​​ဖေ​ဖော်ဝါရီမှာပိုပြင်းထန်တဲ့အ​ရေးယူမှုလုပ်ဖို့စဥ်းစားမယ်

သတင်း

တရားမဝင်၊ ဒုစရိုက် စီးပွားရေး လုပ်ငန်းတွေကမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ရန်လိုအကြမ်းဖက်မှုတွေကို ပိုမို ဆိုးရွားလာစေပြီး အရပ်သား ပြည်သူတွေကအဲဒီဒဏ်ကိုအဓိက သက်ရောက် ခံစားနေရကြောင်း ကုလသမဂ္ဂ (UN)ရဲ့မြန်မာ့အရေးကျွမ်းကျင်သူတွေကသတိပေး ပြောကြားခဲ့ပါတယ်။

သတင်း

လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ ဒုံးကျည်တွေ ပူးပေါင်းတည်ဆောက် ထုတ်လုပ်သွားဖို့ အမေရိကန်နဲ့ ဂျပန်တို့ကြား သဘောတူညီမှု ရရှိခဲ့ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးက အတည်ပြုခဲ့ပါတယ်။