Connect with us

Hi, what are you looking for?

သတင်း

ထိုင်းရောက်မြန်မာလုပ်သားများ အလုပ်ထုတ်ခံရမှုဖြစ်စဥ် NUGအလုပ်သမားဝန်ကြီးဌာနဖြေရှင်းပေးရာ နစ်နာကြေးအဖြစ် ဘတ်လေးသန်းကျော်ရ

ထိုင်းနိုင်ငံဥပဒေအရ လုပ်သက် ၄လမှ တစ်နှစ်အတွင်းရှိ လုပ်သားတစ်ဦး အလုပ်မှထုတ်ပယ်ပါက တစ်လစာ နစ်နာကြေးပေးရမည်ဖြစ်ပြီး၊ လုပ်သက် တစ်နှစ်မှ သုံးနှစ်အထိ လုပ်သားကို သုံးလစာ လျော်ကြေးပေးရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

(အလုပ်မှ ထုတ်ပယ်ခံရသည့် မြန်မာလုပ်သားတွေအပါအဝင် စက်ရုံလုပ်သားတွေကို တွေ့ရစဥ်၊ဓာတ်ပုံ - ပေးပို့)
(အလုပ်မှ ထုတ်ပယ်ခံရသည့် မြန်မာလုပ်သားတွေအပါအဝင် စက်ရုံလုပ်သားတွေကို တွေ့ရစဥ်၊ဓာတ်ပုံ - ပေးပို့)

ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင် နဝနခွန်နယ်မြေရှိ အီလက်ထရောနစ်စက်ရုံတစ်ရုံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၂၇၀ဦး အလုပ်မှ ထုတ်ပယ်ခံရသည့်ဖြစ်စဥ်ကို NUG အစိုးရ၊အလုပ်သမားဝန်ကြီးဌာနက ကိုင်တွယ်ဖြေရှင်းပေးရာ နစ်နာကြေးအဖြစ် ဘတ်လေးကျော်ရရှိကြောင်း အဆိုပါဝန်ကြီးဌာနမှ တာဝန်ပေးအပ်ထားသည့် ကိုရဲမင်း(AAC)က People’s Springသို့ ပြောသည်။

အဆိုပါ စက်ရုံ၌ မြန်မာလုပ်သားများအပါအဝင် လုပ်သား ၂,၀၀၀ခန့် အလုပ်လုပ်ကိုင်နေပြီး စက်တင်ဘာ ၁၃ရက်တွင် မြန်မာလုပ်သား ၂၇၀အပါအဝင် လုပ်သားရာနှင့်ချီ ရုတ်တရက် အလုပ်မှထုတ်ပယ်ခံရခြင်း ဖြစ်သည်။

အလုပ်ဖြုတ်နစ်နာ​ကြေး အပြည့်အဝစွာရရှိ​ရေး၊ အလုပ်​ပြောင်း​ရွေ့ခွင့် စာရွက်စာတမ်းများ၊ ပတ်စပို့စ်​နေထိုင်ခွင့် သက်တမ်းတိုးထားခြင်းကိစ္စများနှင့်ပတ်သက်ပြီး ကိုရဲမင်း(AAC) ဦးဆောင်သောအဖွဲ့က တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

(အလုပ်မှ ထုတ်ပယ်ခံရသည့် မြန်မာလုပ်သားတွေအပါအဝင် စက်ရုံလုပ်သားတွေကို တွေ့ရစဥ်၊ဓာတ်ပုံ - ပေးပို့)
(အလုပ်မှ ထုတ်ပယ်ခံရသည့် မြန်မာလုပ်သားတွေအပါအဝင် စက်ရုံလုပ်သားတွေကို တွေ့ရစဥ်၊ဓာတ်ပုံ – ပေးပို့)

“တစ်ဦးကို စုစုပေါင်းဆို ဘတ်တစ်သောင်းခွဲစီလောက် ရမယ်ထင်တယ်။ အဆင်ပြေတာက ကျွန်တော်တို့ အဖွဲ့က စက်ရုံအတွင်းထဲထိ သွားရောက်ဖြေရှင်းခွင့်ရခဲ့တယ်။ အဲဒီစက်ရုံက မြန်မာအလုပ်သမားတွေ အများကြီးရှိပေမယ့် လုပ်သက်နည်းတဲ့သူတွေကိုပဲ အလုပ်ထုတ်ခံရတာဖြစ်တယ်”ဟု ကိုရဲမင်းက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုင်းနိုင်ငံဥပဒေအရ လုပ်သက် ၄လမှ တစ်နှစ်အတွင်းရှိ လုပ်သားတစ်ဦး အလုပ်မှထုတ်ပယ်ပါက တစ်လစာ နစ်နာကြေးပေးရမည်ဖြစ်ပြီး၊ လုပ်သက် တစ်နှစ်မှ သုံးနှစ်အထိ လုပ်သားကို သုံးလစာ လျော်ကြေးပေးရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ထိုင်းက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းတော့ အလုပ်သမားတွေနဲ့ အလုပ်ဆက်လုပ်ချင်တယ်ဆိုရင် အလုပ်ပြောင်းရွေ့ပြီး လုပ်ခွင့်ပေးတယ်။ တရားဝင် အလုပ်ပြောင်းလဲခွင့်ပေးပါဆိုပြီးပဲ တောင်းတယ်။ သူတို့က ခွင့်ပြုပေးတယ်။ထိုင်းရောက်အလုပ်သမားတွေကို ကူညီခွင့်ပေးဖို့လည်း တာဝန်ရှိသူတွေကို တောင်းဆိုထားတယ်”ဟု အဆိုပါ လုပ်သားများအရေး‌‌ဖြေရှင်းပေးရာတွင် ပါဝင်သော CDM သံအရာရှိ (ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ)ဦးဝေလင်းမောင်က ပြောသည်။

(အလုပ်မှ ထုတ်ပယ်ခံရသည့် မြန်မာလုပ်သားတွေအပါအဝင် စက်ရုံလုပ်သားတွေကို တွေ့ရစဥ်၊ဓာတ်ပုံ - ပေးပို့)
(အလုပ်မှ ထုတ်ပယ်ခံရသည့် မြန်မာလုပ်သားတွေအပါအဝင် စက်ရုံလုပ်သားတွေကို တွေ့ရစဥ်၊ဓာတ်ပုံ – ပေးပို့)

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ထိုင်းနိုင်ငံ၊ အုန်းရိုင်ရှိ Big C ကုန်တိုက်အနီး အထည်ချုပ်စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား ၂၀၀ကျော် အကြောင်းမဲ့ အလုပ်ထုတ်ပယ်ခံရမှုကြောင့် နစ်နာကြေးပေးရန်ဆန္ဒပြတောင်းဆိုရာ ပြေလည်မှုမရှိ၍ ယင်းဖြစ်စဥ်ကိုလည်း NUG အစိုးရ၊အလုပ်သမားဝန်ကြီးဌာနက ကိုင်တွယ်ဖြေရှင်းပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ အထည်ချုပ်အလုပ်ရုံတွင် မြန်မာလုပ်သား ၂၀၀ကျော် အလုပ်လုပ်ကိုင်နေပြီး နှစ်နိုင်ငံသဘောတူစာချုပ်(MoU)စနစ်ဖြင့် မြန်မာလုပ်သားများအား အစားထိုးခန့်မည်ဆိုကာ အလုပ်မှ ထုတ်ပယ်ခြင်းဟု ကိုရဲမင်းက ပြောသည်။

ထို့ကြောင့် ထိုင်းနိုင်ငံသို့ MOU အလုပ်သမားစေလွှတ်ရာတွင် အလုပ်သမား လိုအပ်ချက်ရှိ၊မရှိ စိစစ်မှုမရှိဘဲ စေလွှတ်မည့် အေဂျင်စီအား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ‌NUGက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

Facebook