Connect with us

Hi, what are you looking for?

သတင်း

ကမာရွတ်မြို့နယ် စည်ပင်ရဲဝင်းရှေ့နှစ်ကြိမ် ဗုံးပေါက်ကွဲ၊ ပြည်သူ​လေးဦး ထိခိုက်ဒဏ်ရာရ

စည်ပင်ရဲတပ်ဝင်းရှေ့ ပေါက်ကွဲမှုနှင့်စပ်လျဥ်းပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ဆိုခြင်းကို မသိရသေးပေ။

ကမာရွတ်မြို့နယ် စည်ပင်ရဲဝင်းရှေ့နှစ်ကြိမ် ဗုံးပေါက်ကွဲ၊ ပြည်သူ​လေးဦး ထိခိုက်ဒဏ်ရာရ
ကမာရွတ်မြို့နယ် စည်ပင်ရဲဝင်းရှေ့နှစ်ကြိမ် ဗုံးပေါက်ကွဲ၊ ပြည်သူ​လေးဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရဲတပ်ဖွဲ့ဝင်းရှေ့ ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားပြီး ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြော သည်။

ယနေ့နံနက် ၈ နာရီခွဲခန့်က ကမာရွတ် (၇)ရပ်ကွက်၊ ဗဟိုလမ်းမပေါ်ရှိ စည်ပင်သာယာရဲတပ်ဖွဲ့ဝင်းရှေ့တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယင်းပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာများအနက်မှ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံပြည်သူများက ပြောသည်။

အထက်ပါဖြစ်စဥ်အား စစ်ကောင်စီဝါဒဖြန့်မီဒီယာအချို့က ဖော်ပြရာတွင် ဗုံးပေါက်ကွဲမှုကြောင်း မရင်နွယ်ဦး၊ မခင်နှင်းထက်၊ အငှားယာဉ်မောင်း ဦးကျော်ဆန်းဦးနှင့် ကားဆေးဘော်ဒီရုံမှ မောင်မင်းခိုင်လင်း စသည့်ပြည်သူလေးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ထို့နောက် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသို့ စစ်ကောင်စီတပ်မှ အင်အား ၅၀ဝန်းကျင်ခန့်ရောက်ရှိလာပြီး မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးနှစ်လုံးကို ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စည်ပင်ရဲတပ်ဝင်းတည်ရှိရာ ဗဟိုလမ်းအား စစ်အုပ်စုက ပိတ်ဆို့ထားခဲ့ပြီး လမ်းသွားလမ်းလာယာဥ်များအား စည်ပင်ရဲတပ်ဝင်းရှေ့သို့ပေးမဖြတ်ဘဲ နောက်ပြန်လှည့်ခိုင်းသည်များရှိခဲ့သည်ဟု ပြည်သူအချို့က ပြောသည်။

စည်ပင်ရဲတပ်ဝင်းရှေ့ ပေါက်ကွဲမှုနှင့်စပ်လျဥ်းပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ဆိုခြင်းကို မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။