Connect with us

Hi, what are you looking for?

News

စစ်ရေးပြင်နေသည့်စစ်ကောင်စီကို ခုခံရန်ပြင်ဆင်နေပြီး ကျင့်ဝတ်စည်းကမ်းများလိုက်နာရေး PDF တပ်များကို ညွှန်ကြားထားဟု NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်အာဏာရှင် စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက်တိုက်ပွဲပုံစံမျိုးစုံဖြင့် ဆောင်ရွက်နေရာရက်တိုင်း၊ ရက်တိုင်းသည် ဒီဒေးဖြစ်ကြောင်း ဦးမိုးဇော်ဦးက ပြောဆိုထားသည်။

ကချင်နှင့်ကရင်အပါဝင် ဒေသအသီးသီး၌ စစ်ရေးပြင် ဆင်နေသည့် စစ်ကောင်စီတပ်များကိုခုခံ တွန်းလှန်ရန် ပြင်ဆင်မှုများ လုပ်ဆောင်နေပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော်အနေဖြင့် တိုက်ပွဲများ၌ ကျင့်ဝတ်စည်းကမ်းများ လိုက်နာရေး ညွှန်ကြားထား ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက ပြောကြားသည်။

“စစ်မက်ကို လိုလားပြီးတော့ ငြိမ်းချမ်းရေးကို မလိုလားပဲနဲ့ စစ်ရေးပြင်ဆင်မှုတွေလုပ်နေတာ စစ်ကောင်စီပဲဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ စစ်ရေးအရ ထိုးနှက်မှုတွေ တိုက်ခိုက်ဖို့ ပြင်ဆင်နေတာတွေကိုတော့တစ်ဖက်က ပြန်လည်ပြီးတော့ မတက်သာဘူးပေါ့နော် မရှောင်မလွှဲသာ ပြန်ပြီးတော့ ကျွန်တော်တို့က ခုခံတွန်းလှန်ရမယ့်တာဝန်ရှိပါတယ်။အဲဒီအတွက် အားလုံး ခုခံဖို့ကို ပြင်ဆင်နေတာရှိပါတယ်”ဟု ဦးမိုးဇော်ဦးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရက ဩဂုတ်၂၄ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒုဝန်ကြီးက ယခုကဲ့ သို့ပြောကြားခြင်းဖြစ်သည်။

စစ်ကောင်စီကို ခုခံရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ် မတော်(PDF) အနေ ဖြင့် တိုက်ပွဲများနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများ၊ စစ်သည်များ လိုက်နာရမည့် ကျင့်ဝတ်များ၊ ဂျီနီဗာကွန်ဗန်းရှင်းကဲ့သို့ နိုင်ငံတကာ၏ စည်းမျဉ်းစည်းကမ်းများ အားလုံးကို အသေအချာလိုက်နာဆောင်ရွက်ရန် ညွှန်ကြား ထားသည်ဟု ဦးမိုးဇော်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“အရပ်သားတွေကို မတိုက်ခိုက်ဖို့ ဆိုတဲ့ဟာ ကျွန်တော်တို့အတွက်ကအင်မတန်အရေးကြီးတဲ့ စည်းမျဉ်းတစ်ခုဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်အာဏာရှင် စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက်တိုက်ပွဲပုံစံမျိုးစုံဖြင့် ဆောင်ရွက်နေရာရက်တိုင်း၊ ရက်တိုင်းသည် ဒီဒေးဖြစ်ကြောင်း ဦးမိုးဇော်ဦးက ပြောဆိုထားသည်။

“ကျွန်တော်တို့က မတရားမှုတွေကို ဖိနှိပ်မှုတွေကို တွန်းလှန် တိုက်ခိုက်တဲ့အခါမှာတော့ ရက်တိုင်းကတော့ ဒီဒေးပဲပေါ့။ ဒီဒေးဆိုတာ ဒီနေ့လည်း ဖြစ်နိုင်တယ် မနက်ဖြန်လည်း ဖြစ်နိုင်တယ်” ဟု ဦးမိုးဇော်ဦးက ပြောသည်။

စစ်ကောင်စီအနေဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) နယ်မြေနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) နယ်မြေများသို့ စစ်အင်အားများဖြစ်တင်းထားပြီး ဒေသအချို့၌ထိုးစစ်ဆင်မှုများ စတင်ပြုလုပ်နေ၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook