Connect with us

Hi, what are you looking for?

သတင်း

အင်းတကော်တွင် ပြည်သူတစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးသတ်ဖြတ်၊ မိသားစုထံ အလောင်းပြန်မပေးဟုဆို

စစ်အုပ်စု၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသည့် ဦးညွန့်ဝင်းသည် ကမ်းနီရွာမှ NLDပါတီ ရပ်ကျေးဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်သည်။

(ဦးညွန့်ဝင်းအား တွေ့ရစဉ်)
(ဦးညွန့်ဝင်းအား တွေ့ရစဉ်)

ပဲခူးတိုင်း အင်းတကော်မြို့နယ်တွင် စစ်အုပ်စုက ဒေသခံပြည်သူတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်လိုက်ပြီး အလောင်းအား မိသားစုထံပြန်မပေးဘဲ ဖျောက်ပစ်လိုက်ကြောင်း အင်းတကော်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(စက်တင်ဘာ ၁၆) ထုတ်ပြန်သည်။

စစ်အုပ်စု၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသည့် ဦးညွန့်ဝင်းသည် ကမ်းနီရွာမှ NLDပါတီ ရပ်ကျေးဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်သည်။

ယမန်နေ့ညဦးပိုင်းက အင်းတကော်နယ် ကမ်းနီကျေးရွာမှ ဦးညွန့်ဝင်းဆိုသူအား ၎င်း၏နေအိမ်၌ စစ်အုပ်စုက လာရောက်ဖမ်းဆီးခဲ့ပြီး ယနေ့တွင် ဦးညွန့်ဝင်း သေဆုံးသွားပြီဖြစ်ကြောင်း မိသားစုထံ အသိပေးလာသည်ဟု ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီစစ်ကြေားရေးသို့ မိသားစုများလိုက်သွားသော်လည်း အလောင်းပြန်မရခဲ့ဘဲ ဦးညွန့်ဝင်းမှာ ကိုဗစ်ရောဂါဖြင့်သေဆုံးသွား၍ ချက်ချင်းသဂြိုဟ်လိုက်သည်ဟုသာ အကြောင်းပြန်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“စစ်ကြောရေးမရောက်ခင် ကားပေါ်ပါသွားထဲက ခေါင်းမှာဒဏ်ရာတွေက သွေးတွေနဲ့လို့ မြင်ရသူကပြောတယ်။ စစ်ကြောရေးမှာသေတာကို ကိုဗစ်ကြောင့်သေသလိုပြောပြီး အလောင်းပြန်မပေးတာ”ဟု အင်းတကော် PDF မှ ရဲဘော်တစ်ဦးက ပြောသည်။

လွန်ခဲ့သော သုံးလခန့်က ကမ်းနီရွာမှ စစ်ကောင်စီခန့်ရာအိမ်မှူး သတင်းပေးဒလန်ဟုဆိုသူ မြင့်အောင်အား ၎င်း၏နေအိမ်အတွင်း အမည်မသိအဖွဲ့အစည်းတစ်ခုက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ် ခဲ့ခြင်းအပေါ် စစ်အုပ်စုက ကျေးရွာအတွင်းရှိ ပြည်သူအချို့အား ပစ်မှတ်ထားဖမ်းဆီးခဲ့ရာ ဦးညွန့်ဝင်းမှာလည်း ရှောင်တိမ်းနေခဲ့ရပြီး ယခုရက် ပိုင်းတွင်မှ နေအိမ်သို့ ပြန်ရောက်လာခြင်းဖြစ် ကြောင်း အထက်ပါရဲဘော်က ရှင်းပြသည်။

ထို့ကြောင့် ဦးညွန့်ဝင်း ဖမ်းဆီးခံရသည့်ဖြစ်စဥ်မှာ သေ နတ်ဖြင့် ပစ်ခတ်ခံရစဥ် အသက်မသေဘဲကျန်နေသည့် ရာအိမ်မှူး မြင့်အောင်နှင့် ပျူစောထီးများက ဦးညွန့်ဝင် နေအိမ်သို့ပြန်ရောက်နေကြောင်း စစ်ကောင်စီထံသတင်း ပေးရာမှ ယခုကဲ့သို့ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်နိုင် သည်ဟု အင်းတကော် PDF က ခန့်မှန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။