Connect with us

Hi, what are you looking for?

သတင်း

အင်းတကော်မြို့ ကျောက်တန်းရဲစခန်းမှ သေနတ်နှစ်လက်ပျောက်ဆုံးသည့်အပေါ် စစ်အုပ်စုက ပြည်သူအချို့ကို ဖမ်းဆီးစစ်ဆေး

အလားတူ စစ်အုပ်စုဖမ်းဆီးစစ်ဆေးနေသည့် နောက်ထပ်အကြောင်းအရင်းတစ်ခုမှာ စစ်ကောင်စီခန့်ရာအိမ်မှူး ဦးစံဝင်းအား လွန်ခဲ့သောသုံးရက်ခန့်က အမည်မသိသူတစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ဖြစ်စဥ်နှင့်ပါ ဆက်စပ်နေကြောင်း ဖော်ပြသည်။

အင်းတကော်မြို့ ကျောက်တန်းရဲစခန်းမှ သေနတ်နှစ်လက်ပျောက်ဆုံးသည့်အပေါ် စစ်အုပ်စုက ပြည်သူအချို့ကို ဖမ်းဆီးစစ်ဆေး
အင်းတကော်မြို့ ကျောက်တန်းရဲစခန်းမှ သေနတ်နှစ်လက်ပျောက်ဆုံးသည့်အပေါ် စစ်အုပ်စုက ပြည်သူအချို့ကို ဖမ်းဆီးစစ်ဆေး

ပဲခူးမြို့နယ် အင်းတကော်မြို့နယ် ကျောက်တန်းနယ်မြေရဲစခန်းမှ လက်နက်နှစ်လက်ပျောက်ဆုံးမှုအပေါ် စစ်အုပ်စုက ပြည်သူအချို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း အင်းတကော်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (စက်တင်ဘာ ၁၅) ထုတ်ပြန်သည်။

အလားတူ စစ်အုပ်စုဖမ်းဆီးစစ်ဆေးနေသည့် နောက်ထပ်အကြောင်းအရင်းတစ်ခုမှာ စစ်ကောင်စီခန့်ရာအိမ်မှူး ဦးစံဝင်းအား လွန်ခဲ့သောသုံးရက်ခန့်က အမည်မသိသူတစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ဖြစ်စဥ်နှင့်ပါ ဆက်စပ်နေကြောင်း ဖော်ပြသည်။

“ဖြစ်စဉ်အသေးစိတ်အား တိတိကျကျမပြောပြနိုင်ကြသော်လည်း ကျောက်တန်းရဲစခန်း၌နေသော စကစအဖွဲ့ဝင်များသေနတ်နှစ်လက်ပျောက်ဆုံးမှုနှင့် စပ်ဆက်နေသယောင် ဖန်တီးထားသည်ဟု ကျနော်တို့ အင်းတကော် PDFမှ ခန့်မှန်းပါသည်”ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ပစ်ခတ်မှုဖြစ်စဉ်နှင့် သေနတ်နှစ်လက်ပျောက်ဆုံးမှုမှာ အင်းတကော်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့နှင့် လုံးဝပါတ်သတ်မှုမရှိကြောင်း အသိပေးအပ်ပါသည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အထက်ပါဖြစ်စဥ်နှစ်ခုဖြစ်ပွားပြီးနောက် စစ်အုပ်စု၏ ဖမ်းဆီးစစ်ဆေးခံရသူများတွင် ခံဝန်ဖြင့်နေထိုင်သည့် ကျောက်တန်းကျေးရွာ NLD ဥက္ကဋ္ဌ ဦးကျော်ဖေ၊ ကင်းပိုင်ကျုံကျေးရွာမှ နာရေးကူညီမှုအသင်းဝင်များပါဝင်ကြောင်း အင်းတကော် PDF ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ယခုအခါ အင်းတကော်မြို့ ရပ်ကျေးအုပ်မှူးများ၊ ပျူစောထီးခေါင်းဆောင်များအား စစ်အုပ်စုမှ လက်နက်များတပ်ဆင်ပေးထားသည်ဟုသိရှိရသောကြောင့် ကျေးရွာများအတွင်းမှ မိဘပြည်သူများနှင့် လူငယ်လူရွယ်များသတိထားနေထိုင်ကြရမည့်အချိန်ဖြစ်ကြောင်း အသိပေးထားသည်။

ယနေ့ည ၇ နာရီခန့်တွင် အထက်ပါကိစ္စနှင့်စပ်လျဥ်းပြီး ကင်းပိုင်ကျုံကျေးရွာသို့ စစ်ကောင်စီတပ်ကားနှစ်စီးရောက်ရှိနေပြီး ကျေးရွာအတွင်း ရှာဖွေစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

Facebook