Connect with us

Hi, what are you looking for?

သတင်း

‘ဂဋ္ဌုန်ဆရာစံစစ်ဆင်ရေး’အဖြစ် နောင်ညိုဆည်လှေဂိတ်မှ စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်

“အကြမ်းဖက်စစ်အုပ်စုနှင့် အပေါင်းပါများအား ဆက် လက်ရှင်းလိုသော်လည်း ပြည်သူများ၏ နေအိမ်များနှင့် နီးကပ်နေသဖြင့် တပ်ဖွဲ့ဝင်များအားလုံး ဘေးကင်းစွာပြန်လည်ဆုတ်ခွာလာခဲ့ပါသည်”ဟု MRF-Nattalin က အသိပေးသည်။

'ဂဋ္ဌုန်ဆရာစံစစ်ဆင်ရေး'အဖြစ် နောင်ညိုဆည်လှေဂိတ်မှ စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်
'ဂဋ္ဌုန်ဆရာစံစစ်ဆင်ရေး'အဖြစ် နောင်ညိုဆည်လှေဂိတ်မှ စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်

▪️စစ်ကောင်စီတပ်သား ခုနစ်ဦးသေဟုဆို

‘ဂဋ္ဌုန်ဆရာစံစစ်ဆင်ရေး’အဖြစ် နတ္တလင်းမြို့နယ် တောင်ညိုဆည် လေဆိပ်စစ်ဆေးရးဂိတ်မှ စစ်ကောင်စီတပ်အား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၄)MRF – Nattalin က ယနေ့ (စက်တင်ဘာ ၁၈)တွင် ထုတ်ပြန်သည်။

ယနေ့နံနက်အစောပိုင်း ၁ နာရီ မိနစ်၂၀ခန့်က နတ္တလင်းမြို့နယ်၊ ဘယ်မအင်းအုပ်စု၊ အောင်သုခဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများပါဝင်သည့် တောင်ညိုဆည် လှေဆိပ်စစ်ရေးဂိတ်အား အလစ်အကိုက်ဝင် ပစ်ခဲ့ရာ ကင်းစောင့်နေသည့် စစ်ကောင်စီတပ် သားနှစ်ဦး နေရာတင်သေဆုံးသွားသည်ဟု ဖော်ပြသည်။

ထို့နောက် စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နောက်ထပ်စစ်သားငါးဦး ထပ်မံသေဆုံးသွားသည်ဟု ဆိုသည်။

“အကြမ်းဖက်စစ်အုပ်စုနှင့် အပေါင်းပါများအား ဆက် လက်ရှင်းလိုသော်လည်း ပြည်သူများ၏ နေအိမ်များနှင့် နီးကပ်နေသဖြင့် တပ်ဖွဲ့ဝင်များအားလုံး ဘေးကင်းစွာပြန်လည်ဆုတ်ခွာလာခဲ့ပါသည်”ဟု MRF-Nattalin က အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မိမိတို့ တော်လှန်ရေးတပ်ဖွဲ့များနှင့် သွေးခွဲသပ်လျှိုမှုများပြုလုပ်ရန် ကြိုစားနေမှုများအပေါ် ပြည်သူများအနေဖြင့် ပါဝင်ခြင်းမပြုလုပ်ဘဲ ရှောင်ရှားကြရန် MRF က အသိပေးထားသည်။

အထက်ပါ တောင်ညိုဆည် လှေဆိပ်စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်အား သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)တပ်ခွဲ (၄)MRF-Nattalin က ပြီးခဲ့သည့် သြဂုတ် ၁၉ ရက်ညပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။