Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

‘ဂဋ္ဌုန်ဆရာစံစစ်ဆင်ရေး’အဖြစ် နောင်ညိုဆည်လှေဂိတ်မှ စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်

“အကြမ်းဖက်စစ်အုပ်စုနှင့် အပေါင်းပါများအား ဆက် လက်ရှင်းလိုသော်လည်း ပြည်သူများ၏ နေအိမ်များနှင့် နီးကပ်နေသဖြင့် တပ်ဖွဲ့ဝင်များအားလုံး ဘေးကင်းစွာပြန်လည်ဆုတ်ခွာလာခဲ့ပါသည်”ဟု MRF-Nattalin က အသိပေးသည်။

'ဂဋ္ဌုန်ဆရာစံစစ်ဆင်ရေး'အဖြစ် နောင်ညိုဆည်လှေဂိတ်မှ စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်
'ဂဋ္ဌုန်ဆရာစံစစ်ဆင်ရေး'အဖြစ် နောင်ညိုဆည်လှေဂိတ်မှ စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်

▪️စစ်ကောင်စီတပ်သား ခုနစ်ဦးသေဟုဆို

‘ဂဋ္ဌုန်ဆရာစံစစ်ဆင်ရေး’အဖြစ် နတ္တလင်းမြို့နယ် တောင်ညိုဆည် လေဆိပ်စစ်ဆေးရးဂိတ်မှ စစ်ကောင်စီတပ်အား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၄)MRF – Nattalin က ယနေ့ (စက်တင်ဘာ ၁၈)တွင် ထုတ်ပြန်သည်။

ယနေ့နံနက်အစောပိုင်း ၁ နာရီ မိနစ်၂၀ခန့်က နတ္တလင်းမြို့နယ်၊ ဘယ်မအင်းအုပ်စု၊ အောင်သုခဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများပါဝင်သည့် တောင်ညိုဆည် လှေဆိပ်စစ်ရေးဂိတ်အား အလစ်အကိုက်ဝင် ပစ်ခဲ့ရာ ကင်းစောင့်နေသည့် စစ်ကောင်စီတပ် သားနှစ်ဦး နေရာတင်သေဆုံးသွားသည်ဟု ဖော်ပြသည်။

ထို့နောက် စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နောက်ထပ်စစ်သားငါးဦး ထပ်မံသေဆုံးသွားသည်ဟု ဆိုသည်။

“အကြမ်းဖက်စစ်အုပ်စုနှင့် အပေါင်းပါများအား ဆက် လက်ရှင်းလိုသော်လည်း ပြည်သူများ၏ နေအိမ်များနှင့် နီးကပ်နေသဖြင့် တပ်ဖွဲ့ဝင်များအားလုံး ဘေးကင်းစွာပြန်လည်ဆုတ်ခွာလာခဲ့ပါသည်”ဟု MRF-Nattalin က အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မိမိတို့ တော်လှန်ရေးတပ်ဖွဲ့များနှင့် သွေးခွဲသပ်လျှိုမှုများပြုလုပ်ရန် ကြိုစားနေမှုများအပေါ် ပြည်သူများအနေဖြင့် ပါဝင်ခြင်းမပြုလုပ်ဘဲ ရှောင်ရှားကြရန် MRF က အသိပေးထားသည်။

အထက်ပါ တောင်ညိုဆည် လှေဆိပ်စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်အား သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)တပ်ခွဲ (၄)MRF-Nattalin က ပြီးခဲ့သည့် သြဂုတ် ၁၉ ရက်ညပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။