Connect with us

Hi, what are you looking for?

သတင်း

ရက္ခိတလမ်းစဉ်အတိုင်းဆောင်ရွက်နေခြင်းမှာ စစ်အာဏာရှင်အမြစ်ပြုတ်ရေးဖြစ်ဟု AA ပြော

လက်ရှိတွင် AA အနေဖြင့် ရခိုင်ပြည်နယ် နယ်မြေစိုးမိုးမှုကို ရာခိုင်နှုန်းအတိအကျ ပြောဖို့ခက်ခဲသော်လည်း ယခုနှစ်အတွင်း ပိုကြိုးစားလုပ်ဆောင်နေသည်ဟု ဆိုသည်။

ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်၊ဓာတ်ပုံ - အေအေ
ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်၊ဓာတ်ပုံ - အေအေ

▪️အရာရှိအပါအဝင်စစ်ကောင်စီတပ်ဘက်က ပူးပေါင်းလာသူများရှိပြီး အရေအတွက် ရာဂဏန်းထိရှိဟုဆို

▪️PDFများနှင့် စစ်ရေးအရပူးပေါင်းဆောင်ရွက်သည့် အဆင့်မရှိဟုပြော

ရက္ခိုင့်တပ်တော်(AA)က လုပ်ဆောင်နေသည့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရေးအပါအဝင် ရက္ခိတလမ်းစဉ်အတိုင်း ဆောင်ရွက်ချက်သည် စစ်အာဏာရှင် အမြစ်ပြုတ်ရေးလုပ်ဆောင်ခြင်းပင်ဖြစ်ကြောင်း AAက ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အသိပေးပြောကြားသည်။

စစ်အာဏာရှင်စနစ်ကို ရခိုင်သာမက မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာက မလိုလားကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဗမာပြည်တော် လှန်ရေးလှုပ်ရှားမှု တစ်ခုလုံးကို ပြန်ပြီးကြည့်ပါက အများစုကစစ်အာရှင်ကို အမြစ်ပြတ်ချေမှုန်းရေးကို မူဝါဒချမှတ်ကာအလုပ်လုပ်တာကို တွေ့ရကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားသည်။

“ကျွန်တော်တို့ ULA/AA အနေနဲ့ ရခိုင်ပြည်မှာ ရခိုင်တစ်မျိုးသားလုံး၏ အမျိုးသားရပိုင်ခွင့်ဖြစ်တဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးတိုင်ဖို့ ရက္ခိတလမ်းစဉ်အတိုင်း ကျွန်တော်တို့ တသွေမတိမ်းချီတက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အခြားတစ်ဖက်မှာ ရခိုင်တွေလွတ်မြောက်ရင် အခြားလူတွေအတွက်လည်း လမ်းပွင့်ပြီးသားဖြစ်ပါတယ်။ ဒီအချက်သည်ပင်လျင် စစ်အာဏာရှင် အမြတ်ပြုတ်ရေးအတွက် ကျွန်တော်တို့ ULA/AAက လုပ်ဆောင်နေတာ ဖြစ်ပါတယ်လို့ ဖြေကြားလိုပါတယ်”ဟု ဦးခိုင်သုခက ပြောသည်။

လက်ရှိတွင် AA အနေဖြင့် ရခိုင်ပြည်နယ် နယ်မြေစိုးမိုးမှုကို ရာခိုင်နှုန်းအတိအကျ ပြောဖို့ခက်ခဲသော်လည်း ယခုနှစ်အတွင်း ပိုကြိုးစားလုပ်ဆောင်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင် အပါအဝင် ရခိုင်မြောက်ဘက်ခြမ်းနှင့် ပလက်၀ ဒေသ ၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး ရန်သူ၏ အုပ်ချုပ်ထောက်ပံ့မှုကို ဖြတ်တောက်ခြင်း၊ ရန်သူ့စခန်းအချို့သိမ်းပိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဦးခိုင်သုခက ပြောသည်။ စစ်ပွဲကာလဖြစ်၍ စစ်ရေးနှင့်ပတ်သက်သည့် အချို့အချက်အလက်များကို ထုတ်ဖော်ပြောဆိုရန်မရှိကြောင်း နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေ၊ တပ်စခန်း သိမ်းပိုက်မှုအခြေအနေများ မေးမြန်းမှုအပေါ် ဦးခိုင်သုခက ဖြေကြားပြီး နှစ်ဖက်ထိခိုက်ကျဆုံးရှိသည်ဟု ဆိုသည်။

“ပလက်၀မြို့နယ်ထဲက မြန်မာစစ်တပ် စစ်ကြောင်းတွေကနေ လက်နက်တွေနဲ့ ကျွန်တော်တို့ဘက်ကို ပူးပေါင်းလာတဲ့ အရာရှိ နဲ့ စစ်သည်တို့ဟာ ၁၀ယောက်ထက်မနည်းရှိပါတယ်။ နောက် တခြားမြို့နယ်ထဲမှာလည်း လက်နက်ကိုင်အဖွဲ့အစည်းထဲက လက်နက်ယူပြီး ကျွန်တော်တို့ဘက် ပူးပေါင်းလာတာလည်းရှိပါတယ်။ တိုက်ပွဲမဖြစ်ခင်ကလည်းရှိပါတယ်။ တိုက်ပွဲကာလမှာလည်း ဆက်ပြီးရှိပါတယ်။ တိုက်ပွဲဖြစ်ပြီး နောက်ပိုင်းတွေမှာ ပိုလို့ များလာပါတယ်။နောက်ပြီး လာဖို့ ရှိတဲ့သူတွေလည်း အများကြီး ကျွန်တော်တို့ဘက် ဆက်သွယ်လာတာရှိပါတယ်။ အရေအတွက်အားဖြင့် ပြောဖိုဆိုရင် ရာဂဏန်းလောက်ရှိပါတယ်”ဟု စစ်ကောင်စီတပ်မှ ထွက်ပြေးလာသည့် တပ်ဖွဲ့ဝင်များ အခြေအနေကို ဦးခိုင်သုခက ရှင်းလင်း ဖြေကြားသည်။

မောင်တော နှင့် ဘူးသီးတောင်နယ်တွင်နယ်ခြားစောင့်တပ် အင်အား ၆ထောင်ကျော်အပါအဝင် နယ်ခြားစောင့်တပ်နှင့် စစ်ကောင်စီတပ် အင်အားစုစုပေါင်း ရန်သူ့အင်အား ၉ထောင်ကျော်ရှိ သည်ဟု ခန့်မှန်း၍ရကြောင်း ဦးခိုင်သုခက ပြောကြားပြီး တပ်အများအပြားဆိုင်ထားပြီး အပြန်အလှန်ထိန်းချုပ်ရန် အားပြိုင်နေသည့်အခြေအနေဟု ရှင်းပြသည်။

“တိုက်ပွဲတွေ ဆက်ပြီး ပြင်းထန်လာနိုင်ဖို့ အခြေအနေတွေ အများကြီးရှိနေပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့များနှင့် AA အကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေကို မေးမြန်းရာ ရခိုင်ပြည်နယ်၌ PDFမရှိကြောင်း၊ နယ်မြေဆက်စပ်နေသည့် ချင်းပြည်နှင့် မကွေး ရှိ တချို့နေရာများ၌ လူမှုရေး၊ကျန်းမာရေး အကူအညီပေးမှုရှိပြီး စစ်ရေးအကူအညီပေးမှု မရှိကြောင်း AAက ပြောသည်။

“စစ်ရေးအရ ပူးပေါင်းဆောင်ရွက်တဲ့ အဆင့်မျိုးတော့မရှိပါ”ဟု ဦးခိုင်သုခက ပြောသည်။

မောင်တော ၊ရသေ့တောင်၊မြောက်ဦး၊ပလက်၀ စသည့် မြို့နယ်များ၌ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုကြောင့် ထပ်တိုး စစ်ဘေးရှောင်ဦးရေ တစ်နေ့ထက် တစ်နေ့များလာကြောင်း ၎င်းကဆိုသည်။ ထပ်တိုး စစ်ဘေးရှောင် များအပါအဝင် ရခိုင်ပြည်နယ်၌ စစ်ဘေးရှောင် စုစုပေါင်း ၆သောင်းကျော်ရှိ သည်ဟု ပြောကြားပြီး သက်ဆိုင်ရာ မြို့နယ်များ၌ ကြပ်တည်းစွာ နေထိုင်ရကာ အခက်အခဲပေါင်းစုံ ကြုံတွေ့နေရသည်ဟု ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။