Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို – မန္တလေးလမ်းပိုင်းရှိ ရွာသာကြီးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၍ ပြည်သူ ၃၀ခန့် ထိခိုက်ဒဏ်ရာရ၊ စစ်တပ်က ရွာကိုပါ မီးတင်ရှို့နေ

စစ်ကောင်စီတပ်သောင်းကျန်းနေ၍ ရွှေဘို-ဝက်လက်-အုန်းတောလမ်း၊ ဝက်လက်-လှတော လမ်းပိုင်းများအား ယနေ့လုံးဝ ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် ဒေသတွင်းအဖွဲ့များက အသိပေးထားသည်။

(ရွာသာကြီးစံပြကျေးရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ)
(ရွာသာကြီးစံပြကျေးရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ)

▪️အုန်းတော-ရွှေဘိုလမ်းနှင့် ဝက်လက်-လှတောလမ်းများ သွားလာခြင်းမပြုရန် သတိပေးထား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရွှေဘို – မန္တလေးလမ်းမကြီးပေါ်ရှိ ရွာသာကြီးစံပြကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒေသခံပြည်သူ ၃၀ဦးခန့် ထိခိုက်ဒဏ်ရာရရှိထားပြီး ကျေးရွာကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (စက်တင်ဘာလ ၂၅ရက်) နံနက်၆နာရီခန့်က စစ်ကောင်စီတပ် ယာဉ်တစ်စီးသည် ရွာသာကြီးစံပြကျေးရွာသို့ ရောက်ရှိလာကာ လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ဝင်ရောက်လာပြီး ဒေသခံပြည်သူ ၃၀ဦးခန့် လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ကြောင်း ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးနှင့် ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

နံနက် ၉ နာရီ ၁၀မိနစ်ခန့်တွင် စစ်ကောင်စီတပ်က ရွာသာကြီးရွာရှိ အိမ်အချို့ကို စတင်မီးရှို့ဖျက်ဆီးနေကြောင်း၊ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရပြီး အများစုမှာ ကျေးရွာအတွင်း ပိတ်မိနေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့နံနက်ပိုင်းက ရွှေဘိုမြို့ဘက်မှထွက်လာသော စစ်ကောင်စီကားနှစ်စီးသည် ရွာသာကြီးစံပြကျေးရွာအနီးတွင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် ရွာသာကြီးအား ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ရွာမြောက်ပိုင်းကစရှို့နေတယ်။ လက်နက်ကြီးနဲ့ပစ်လို့ အနီးနားရွာတွေက နွားတွေလည်းသေတယ်။ စစ်ကိုင်းဘက်ကလည်း စစ်ကား ၅စီးလောက်တက် လာတယ်။ ပြည်သူများလည်း ဒဏ်ရာရရှိထားပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သောင်းကျန်းနေ၍ ရွှေဘို-ဝက်လက်-အုန်းတောလမ်း၊ ဝက်လက်-လှတော လမ်းပိုင်းများအား ယနေ့လုံးဝ ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် ဒေသတွင်းအဖွဲ့များက အသိပေးထားသည်။

စက်တင်ဘာ၂၂ ရက် ညနေပိုင်းကလည်း ရွှေဘို-မန္တလေးလမ်းမကြီးပေါ်၊ စိုင်နိုင်ကွေ့အနီး၌ စစ်ကောင်စီယာဥ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။